ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း (၈) မကူးစက်နိုင်သ...
  5. ၈.၈ စိတ်ကျန်းမာရေး

၈.၈ စိတ်ကျန်းမာရေး

Contents

စိတ်ကျန်းမာခြင်း ဆိုသည်မှာ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ လူတစ်ယောက်သည် –

  • စိတ်ရောဂါ ဝေဒနာ မခံစားရခြင်းသာမက
  • မိမိ၏ စွမ်းဆောင်နိုင်မှုနှင့် မိမိ၏ အားနည်းချက်များကို အမှန်အတိုင်း လက်ခံနိုင်ခြင်း၊
  • သာမန်တွေ့ကြုံနေရသည့် စိတ်ဖိစီးမှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ခြင်း၊
  • မိမိနေထိုင်ရာ ပတ်ဝန်းကျင်တွင် လိုက်လျော ညီထွေစွာ နေထိုင် ဆက်ဆံနိုင်ခြင်း၊
  • မိမိတစ်ဦးတည်းအတွက်သာမက ၊ မိမိနေထိုင်ရာဒေသ လူမှုအသိုင်းအဝန်းအတွက်ပါ အကျိုးဖြစ်ထွန်းစေရန် ဆောင်ရွက်နိုင်ခြင်းစသည့် အခြေအနေများနှင့် ပြည့်စုံနေပါမှ စိတ်ကျန်းမာရေးနှင့် ပြည့်စုံနေသည်ဟု ဆိုနိုင်သည်။

စိတ်ကျန်းမာရေး ချို့ယွင်းစေနိုင်သော အကြောင်းရင်းများ

အဖြစ်များသော စိတ်ရောဂါများ

(က) စိတ်ဖေါက်ပြန်ရောဂါ

စိတ်ဖေါက်ပြန်သည့် လက္ခဏာများ
  • ပြောဆိုသူမရှိဘဲ သူများမကြားရသောအသံများ ကြားရခြင်း၊ သူများမမြင်သောအရာများ မြင်ရခြင်း၊ အနံ့မရှိဘဲ အနံ့များ ရတတ်ခြင်း၊ ပစ္စည်းမရှိဘဲ အတွေ့အထိခံစားရခြင်း
  • အပြုအမူများ မူမမှန်ခြင်း၊ ရုတ်တရက်ကြမ်းတမ်းခြင်း၊ ဒေါသဖြစ်ခြင်း၊ တခါတရံ မလှုပ်မယှက်ဘဲ ကျောက်ရုပ်ကဲ့သို့ ဖြစ်နေတတ်ခြင်း
  • သာမန်အားဖြင့် နားမလည်နိုင်သော၊ လက်မခံနိုင်သော သံသယစိတ်များ လွန်ကဲနေခြင်း
  • ရောဂါဖြစ်နေသော်လည်း၊ ကိုယ့်ကိုယ်ကို နေကောင်းနေသည်၊ ရောဂါလုံးဝမဖြစ်ဟု ထင်နေခြင်း
  • တစ်ယောက်တည်း စကားပြောနေခြင်း၊ တစ်ယောက်တည်း ပြုံးခြင်း၊ တစ်ဦးတည်း အကြောင်းမဲ့ ခဏခဏရယ်ခြင်း
  • စကားပြောမမှန်ဘဲ အဆက်အစပ်မရှိသော စကားများပြောခြင်း
  • တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းပြီး ရေချိုးရန်၊ အဝတ်အစားလဲရန် အလွန်ပြောဆိုရခြင်း၊ မိမိကိုယ်ကို ဂရုမစိုက်နိုင်ခြင်း
  • အတွေးအခေါ်များ ချို့ယွင်းလာခြင်း၊ မဟုတ်မမှန်သော၊ မှားယွင်းသော ယုံကြည်ချက်များရှိခြင်း၊ ရှင်းပြ၍မရခြင်း
  • နေ့စဉ်ပုံမှန်လုပ်ဆောင်နေကြအလုပ်များ မလုပ်ကိုင်နိုင်တော့ခြင်း၊ မည်သည့်အလုပ်မှမလုပ်ဘဲ အလကားနေခြင်း
  • လူ့အသိုက်အဝန်းကို ရှောင်ကြဉ်လာခြင်း၊ လူများနှင့်မတွေလိုတော့ဘဲ တစ်ယောက်တည်းနေတတ်လာခြင်း

(ခ) စိတ်ကျရောဂါ

စိတ်ကျရောဂါ လက္ခဏာများ
  • စိတ်ပျော်ရွှင်မှုမရှိခြင်း
  • စိတ်အားငယ်၍ ဝမ်းနည်းနေခြင်း၊ မျက်ရည်ကျခြင်း
  • စိတ်ရောကိုယ်ပါ ထိုင်းမှိုင်းနှေးကွေးနေခြင်း
  • ညစဉ်ရက်ဆက် အိပ်မပျော်ခြင်း၊ အထူးသဖြင့် သန်းခေါင်ကျော်လျင် နိုးနေပြီး ပြန်အိပ်မပျော်ခြင်း
  • အစားအသောက်ပျက်ပြီး ခန္ဓာကိုယ်အလေးချိန်ကျဆင်းခြင်း
  • ဝမ်းသာစရာရှိသော်လည်း မပျော်နိုင်ခြင်း
  • အရာရာကို စိတ်ပါဝင်စားမှုမရှိခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်း
  • ပင်ပန်းနွမ်းနယ်နေပြီး အားမရှိသကဲ့သို့ခံစားရခြင်း
  • မိမိကိုယ်ကို အပြစ်ရှိသည်။ ကြီးမားသောအမှားများ လုပ်ခဲ့မိသည်ဟု မှားယွင်းစွာယုံကြည်နေခြင်း
  • သေကြောင်းကြံစည်ရန် စိတ်ကူးများရှိနေခြင်း၊ အားထုတ်ခြင်း

(ဂ) စိတ်ကြွရောဂါ

စိတ်ကြွရောဂါ လက္ခဏာများ
  • စိတ်ရောကိုယ်ပါ အထူးတက်ကြွနေခြင်း
  • ဘဝင်မြင့်ခြင်း
  • အသုံးအဖြုန်းများခြင်း
  • ကြမ်းတမ်းစွာပြုမူတတ်ခြင်း
  • အဆင်အခြင်ကင်းမဲ့ခြင်း
  • ကရားရေလွှတ် အဆက်မပြတ်စကားပြောခြင်း
  • အလွန်အမင်းပျော်ရွှင်နေခြင်း
  • အလှအပပြင်ဆင်မှုလွန်ကဲခြင်း
  • အအိပ်နည်းခြင်း
  • ကာမရာဂစိတ်များခြင်း
စိတ်ဖေါက်ပြန်၊ စိတ်ကြွ၊ စိတ်ကျသောရောဂါလက္ခဏာများတွေ့ရှိပါက
  • လူနာအား ညင်သာစွာဆက်ဆံပါ။
  • ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆေးကို အနည်းဆုံး ၆ လမှန်မှန်သောက်ခိုင်းပါ။
  • လိုအပ်ပါက တစ်လတစ်ကြိမ် ဆေးထိုးခိုင်းပါ။
  • စိတ်ကြွသောလူနာများကိုလည်း ၎င်းအတိုင်းပေးနိုင်ပါသည်။
  • စိတ်ကြွသောသူများကို မြှောက်ထိုးပင့်ကော် မလုပ်ပါစေနှင့်။
  • သူတို့နှင့်ဆန့်ကျင်ဘက်ပြောလျှင် လူနာအခြေအနေ ပိုဆိုးရွားတတ်ပါသည်။
  • စိတ်ကျနေသောလူနာများ သေကြောင်းကြံစည်မှု မဖြစ်နိုင်ရန် အိမ်သားများက ဂရုစိုက်စောင့်ကြည့်ပါ။
  • လူနာပြန်လည်နေကောင်းပါက အလုပ်ပြန်လုပ်ခိုင်းပါ။
  • လူနာများအား လူမှုအသိုက်အဝန်းထဲသို့ ပြန်ဝင်နိုင်ရန် ကူညီပါ။
  • လိုအပ်ပါက နီးစပ်ရာ စိတ်ကျန်းမာရေးဌာန၊ ဆေးရုံများသို့ လွှဲပြောင်းပို့ဆောင်ပေးပါ။

(ဃ) စိုးရိမ်စိတ်လွန်ရောဂါ

စိုးရိမ်စိတ်လွန်ရောဂါ လက္ခဏာများ
  • ခြေဖျား၊ လက်ဖျားအေးခြင်း၊ ရင်တုန်ခြင်း၊ ဇက်ထိုးခေါင်းကိုက်ဖြစ်ခြင်း၊ အကြောတက်ခြင်း
  • စိုးရိမ်စိတ်လွန်ကဲခြင်း၊ စိတ်ပူပန်မှုများခြင်း
  • အတွေးများပြီး ညဉ့်ဦးပိုင်း အိပ်မပျော်ခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • ဆူညံသံ မခံနိုင်ခြင်း၊ နားပူ မျက်စိရှုပ် မခံနိုင်ခြင်း
  • အာရုံစူးစိုက်မှုအားနည်းခြင်း၊ ကြာကြာအာရုံမစိုက်နိုင်ခြင်း
  • မဖြစ်သေးသောကိစ္စများကို ကြိုတင်တွေးပြီးပူပန်ခြင်း၊ စိုးရိမ်ကြောက်ရွံ့ခြင်း
  • မိမိကိုယ်ကို ရောဂါတစ်ခုခု ခံစားနေရသည်ဟု ယူဆပြီး ဆေးရုံ၊ ဆေးခန်း၊ ဆရာဝန်များထံသို့ မကြာခဏ ပြသရခြင်း
စိုးရိမ်စိတ်လွန်ရောဂါလက္ခဏာများတွေ့ရှိပါက
  • လူနာ၏အခက်အခဲများကို စိတ်ရှည်စွာ နားထောင်ပေးခြင်းဖြင့် သက်သာစေနိုင်ပါသည်။
  • ဤကဲ့သို့ လက္ခဏာများ ခံစားနေရခြင်းသည် စိုးရိမ်စိတ်များမှုကြောင့်ဖြစ်ကြောင်း စိတ်ရှည်စွာ ရှင်းပြပေးပါ။
  • လူနာအနေဖြင့် စိတ်ကိုဖြေလျော့ထားပါက ကိုယ်ရောစိတ်ပါတောင့်တင်းနေမှုများ လျော့နည်းသွားနိုင်ကြောင်း ရှင်းပြပေးပါ။
  • လူနာကို ပုံမှန်လုပ်ငန်းများ လုပ်ခိုင်းပါ။ မလိုအပ်ပဲ အနားမယူပါစေနှင့်။
  • ယုံကြည်ရာဘာသာရေးနည်းလမ်းများဖြင့်လည်း သက်သာစေနိုင်ပါသည်။

(င) အရက်စွဲခြင်း (စာမျက်နှာ ၁၇၈ နှင့် ၁၇၉တွင် ဆက်လက်ဖော်ပြထားပါသည်။)

အရက်စွဲခြင်း၏ လက္ခဏာများ
  • အရက်အလွန်အကျွံသောက်ခြင်း
  • အရက်မသောက်ရလျှင် ခြေလက်တုန်ခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း
  • နံနက်ပိုင်းတွင် အရက်သောက်တတ်ခြင်း၊
  • အရက်မူးခဲ့ပြီး ညကအဖြစ်အပျက်များကို နောက်တစ်နေ့နံနက်တွင် လုံးဝမမှတ်မိခြင်း
  • သတိလစ်ခြင်း၊ တက်ခြင်း
  • အရက်ကြောင့် စိတ်ဖောက်ပြန်တတ်ခြင်း
  • အရက်ကြောင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး ပြဿနာများဖြစ်ပေါ်တတ်ခြင်း

(စ) မူးယစ်ဆေးစွဲခြင်း

မူးယစ်ဆေးစွဲခြင်း၏ လက္ခဏာများ
  • ပတ်ဝန်းကျင်အပေါ် စိတ်ဝင်စားမှုနည်းပါးလာခြင်း
  • စိတ်လက်မအီမသာခံစားရခြင်း
  • လှုပ်ရှားသွားလာမှုများ နှေးကွေးလေးလံလာခြင်း
  • အာရုံစူးစိုက်နိုင်စွမ်း နည်းပါးလာခြင်း
  • ဆင်ခြင်တုံတရားများ လျော့ပါးလာခြင်း
  • ပေါင်းသင်းဆက်ဆံရေး၊ မိသားစုတာဝန် နှင့် အလုပ်တာဝန်များလစ်ဟင်းလာခြင်း
  • ဆေးသုံးစွဲမှုလွန်ကဲသွားပါက သူငယ်အိမ်ကျဉ်းမြောင်းနေခြင်း၊ အသက်ရှူရခက်ခဲလာခြင်းနှင့် သတိလစ်ခြင်းဆိုသည့် လက္ခဏာစု (၃) ခု တွေ့နိုင်ပါသည်။
မူးယစ်ဆေးပြတ်ခြင်း၏ လက္ခဏာများ
  • ပျို့အန်ခြင်း၊ ရင်တုန်ခြင်း
  • ကိုယ်၊ လက်၊ အဆစ်အမြစ်များ ကိုက်ခဲခြင်း
  • ချွေးထွက်လွန်ခြင်း
  • သူငယ်အိမ်ကျယ်နေခြင်း
  • ကိုယ်အပူချိန် တက်လိုက် ကျလိုက်ဖြစ်ခြင်း
  • ဂနာမငြိမ်ဖြစ်ခြင်း
  • မျက်ရည်ယိုခြင်း၊ နှာရည်ယိုခြင်း၊ သမ်းခြင်း
  • ကြက်သီးထခြင်း
  • ဝမ်းပျက်ခြင်း
  • ဝမ်းဗိုက်အောင့်ခြင်း

စိတ်ကြွရူးသွပ်ဆေး

စိတ်ကြွရူးသွပ်ဆေးသုံးစွဲသည့် လက္ခဏာများ
  • မအိပ်ခြင်း၊
  • သွက်လက်နေခြင်း၊ စကားများခြင်း၊
  • ဂနာမငြိမ်ဖြစ်ခြင်း၊
  • စိုးရိမ်စိတ်များလာခြင်း၊
  • စိတ်တိုခြင်း၊ ဒေါသကြီးခြင်း၊ ကြမ်းတမ်းခြင်း
  • စိတ်ဖောက်ပြန်ခြင်း
စိတ်ကြွရူးသွပ်ဆေးပြတ်သည့် လက္ခဏာများ
  • ခြေကုန်လက်ပန်းကျခြင်း၊
  • အအိပ်အနေ အစားအသောက်မမှန်ခြင်း၊
  • စိတ်ကျခြင်း၊
  • မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်း၊

(ဆ) ဉာဏ်ရည်နိမ့်ရောဂါ

ဉာဏ်ရည်နိမ့်ရောဂါ၏ လက္ခဏာများ
  • သာမန်ကလေးသူငယ်များထက် ကိုယ်ခန္ဓာနှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှု နှေးကွေးနေခြင်း (အထိုင်အထ နောက်ကျခြင်း၊ လမ်းလျှောက် နောက်ကျခြင်း၊ စကားပြောနောက်ကျခြင်း)၊
  • စာမလိုက်နိုင်ခြင်း၊ စာသင်ကြားရန်ခက်ခဲခြင်း၊
  • မငြိမ်မသက်ဖြစ်ခြင်း၊ အာရုံစူးစိုက်မှုနည်းခြင်း၊
  • အသက်အရွယ်အလိုက် မစဉ်းစား၊ မတွေးခေါ်တတ်ခြင်း
  • အသက်အရွယ်အလိုက် လူမှုဆက်ဆံရေးတွင် အခက်အခဲရှိခြင်း (သက်တူရွယ်တူများနှင့် ပေါင်းသင်းဆက်ဆံနိုင်ခြင်း မရှိဘဲ ငယ်သူများနှင့်သာ ပေါင်းသင်းနိုင်ခြင်း)
  • မိမိကိုယ်ကိုမိမိ မစောင့်ရှောက်နိုင်ခြင်း (အန္တရာယ်ဖြစ်နိုင်သည်ကို မသိခြင်း၊ မရှောင်နိုင်ခြင်း)
ဉာဏ်ရည်နိမ့်ကလေးများ တွေ့ရှိပါက
  • နေ့စဉ်လုပ်ငန်းဆောင်တာများ (ကိုယ်တိုင်အစာစားသောက်ခြင်း၊ ရေချိုးခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေးပြုလုပ်ခြင်း၊ အဝတ်အစားလဲခြင်း) လုပ်ကိုင်နိုင်ရန် လေ့ကျင့်ပေးပါ။ မိမိကိုယ်ကို စောင့်ရှောက်နိုင်အောင် လေ့ကျင့်ပေးပါ။
  • လေ့ကျင့်ရာတွင် စိတ်ရှည်ပါ။
  • လွယ်ကူပြီး လက်တွေ့လုပ်နိုင်သည့်လုပ်ငန်း၊ အသက်မွေးမှုလုပ်ငန်းများကို စီမံပြုလုပ်ပေးပါ။

(ဇ) သေကြောင်းကြံစည်ခြင်း

  • မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်းသည် အရေးပေါ် စိတ်ကျန်းမာရေးအခြေအနေပင်ဖြစ်ပါသည်။
  • သေကြောင်းကြံစည်လိုကြောင်း ပြောသူများကို လျစ်လျူရှုမထားပါနှင့်၊ သေကြောင်းကြံစည်ရန် ကြိုးစားမှုများသည် မတော်တဆ အောင်မြင်သွားတတ်ကြောင်း သတိပြုပါ။
  • ငြိမ်သက်လွန်းခြင်း၊ နှေးကွေးလေးလံခြင်း၊ ရှောင်ဖယ်နေတတ်ခြင်း၊ အားငယ်နေပြီး သေလိုသောဆန္ဒများကို ထုတ်ဖော်ပြောဆိုခြင်း များသည် မိမိကိုယ်ကို သေကြောင်းကြံစည်နိုင်ရန် အလားအလာများစွာရှိသူများ ဖြစ်ပါသည်။
ပြုစုနည်း
  • လူနာကို တစ်ယောက်တည်း မထားပါနှင့်။
  • လူနာနှင့်အတူ မိသားစုထဲမှ တစ်ယောက်ယောက် အမြဲရှိပါစေ။
  • လူနာ၏ခံစားချက်များကို ဖွင့်ဟပြောဆိုပါစေ။
  • လူနာ၏ခံစားချက်များပြောပြခြင်းကို ဝေဖန်မှုမပါဘဲ ကြင်နာမှုဖြင့် နားထောင်ပါ။
  • လူနာကို အားပေးကူညီပါ။
  • လူနာ၏မျှော်လင့်ချက်များကို ဖော်ထုတ်ပေးပါ။
  • ထိရောက်သော အကြံပေးလမ်းညွှန်ခြင်းများဖြင့် စိတ်ကျန်းမာရေးစောင့်ရှောက်မှုခံယူလာစေရန် ကြိုးစားပေးပါ။