ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း​ (၁၅) အထွေထွေ...
  5. ၁၅.၅ ပြဒါးဓာတ်အဆိပ်သင့်အန္တရာယ်

၁၅.၅ ပြဒါးဓာတ်အဆိပ်သင့်အန္တရာယ်

ပြဒါးအသုံးပြုနေသော လုပ်ငန်းများ

၁။ ရွှေ၊ ငွေ တူးဖော် ထုတ်လုပ်ခြင်းများ

၂။ အိမ်သုံးပစ္စည်းများ (ဥပမာ- မီးချောင်းများ၊ အိမ်သုတ်ဆေးများ)

၃။ ဆေးပစ္စည်းကိရိယာများ (ဥပမာ- အပူချိန်တိုင်းကိရိယာများ၊ သွေးပေါင်ချိန်တိုင်းကိရိယာများ၊ သွားနှင့် ပတ်သက်သော လုပ်ငန်းများ)

၄။ လယ်ယာသုံးပစ္စည်းများ (ဥပမာ – မှိုသတ်ဆေးများ)

၅။ အလှကုန်ပစ္စည်းများ (ဥပမာ- မိတ်ကပ်များ၊ ပေါင်ဒါများ) စသည်ဖြင့်

ပြဒါးနှင့်ထိတွေ့နေရသူများ

  • ရွှေငွေတူးဖော် ထုတ်လုပ်သောလုပ်သားများ
  • ကျန်းမာရေးဝန်ထမ်းများ
  • မီးချောင်း၊ အိမ်သုတ်ဆေး စသော အိမ်သုံးပစ္စည်းများ ထုတ်လုပ်သော လုပ်သားများ
  • အလှကုန်ပစ္စည်းထုတ်လုပ်သော လုပ်ငန်းများ
  • ပြဒါးအသုံးပြုနေသော လုပ်ငန်းများ၏ အနီးပတ်ဝန်းကျင်ရှိ ပြည်သူလူထု
  • ပြဒါးပါဝင်သောပစ္စည်းများကို သုံးစွဲသူများ

လူခန္ဓာကိုယ်အတွင်းသို့ ပြဒါးဓာတ်ဝင်ရောက်နိုင်သည့် နည်းလမ်းများ

၁။ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်ခြင်း (အများဆုံးဝင်ရောက်နိုင်သော လမ်းကြောင်းဖြစ်သည်)

၂။ အစာအိမ်နှင့် အူလမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်ခြင်း

၃။ အရေပြားမှတစ်ဆင့် ဝင်ရောက်ခြင်း

ပြဒါးဓာတ်အဆိပ်သင့်ခြင်းကြောင့် ကျန်းမာရေးထိခိုက်မှုများ

၁။ လတ်တလောထိတွေ့မှုကြောင့် ဖြစ်နိုင်သော ကျန်းမာရေးထိခိုက်မှုများ
  • ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်း၊ အဆုတ်ရောင်ခြင်း
  • ခံတွင်းရောင်ရမ်းခြင်း
  • အန်ခြင်း၊ ဝမ်းလျှောခြင်း
  • ဆီးနည်းခြင်း၊ ကျောက်ကပ်ပျက်ခြင်း
၂။ ကြာရှည်စွာထိတွေ့မှုကြောင့်ရနိုင်သော ကျန်းမာရေးထိခိုက်မှုများ
  • ခြေ၊ လက်၊ ဦးခေါင်းတုန်ခြင်း
  • လမ်းလျှောက်ပုံမမှန်ခြင်း
  • ဆုပ်ကိုင်ထားသော အရာဝတ္ထုကို ပြန်လွှတ်ရန် ခက်ခဲခြင်း
  • ပုံမှန်အိပ်စက်ချိန်ထက် ပိုမိုကြာမြင့်လာခြင်း
  • သတိမေ့လျော့လာခြင်း
  • သွားဖုံးရောင်ခြင်း၊ သွားဖုံးတွင် ခဲရောင်အတန်းတွေ့ရှိရခြင်း၊ ခံတွင်းထဲတွင် အနာပေါက်ခြင်း
  • အစားအသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန်လျော့ကျခြင်း
  • နှင်းခူပေါက်ခြင်း
  • ကျောက်ကပ်ပျက်ခြင်း