ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း(၂) တိုးချဲ့ကာကွယ်...
  5. ၁-၃။ ဆုံဆို့နာရောဂါ

၁-၃။ ဆုံဆို့နာရောဂါ

ဆုံဆို့နာရောဂါသည် လေတွင်သယ်ဆောင်သော ရောဂါပိုးပါဝင်သည့် အမှုန်အမွှားများ အသက်ရှူလမ်းကြောင်းအတွင်း ဝင်ရောက်ခြင်းမှ တစ်ဆင့် ကူးစက်သည်။

ရောဂါကူးစက်ခံရသူကလေးသည်
  • လည်ချောင်းနာခြင်း
  • စားသောက်ချင်စိတ်မရှိခြင်း
  • အဖျားအနည်းငယ်ရှိခြင်း စသည့်ရောဂါလက္ခဏာများ ခံစားရပါမည်။
  • အာခေါင်တွင် ဖြူပြာရောင် (သို့မဟုတ်) မီးခိုးရောင်အမြှေးပါး တွေ့ရှိရတတ်သည်။ အဆိုပါအမြှေးပါးသည် အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့တတ်သည်။ အစာမမျိုနိုင်၊ အသက်မရှူနိုင်ဖြစ်တတ်သည်။ အသက်ရှူလမ်းကြောင်း ပိတ်ဆို့ပြီး အသက်ဆုံးရှုံးနိုင်ပါသည်။
  • နှလုံးနှင့် အာရုံကြောသို့ ပျံ့နှံ့သွားပါက သေဆုံးနိုင်ပါသည်။

ဆုံဆို့နာရောဂါကို ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါဘီ၊ Hib ပါဝင်သော ငါးမျိုးစပ်ကာကွယ်ဆေး (Pentavalent Vaccine) ဖြင့် ကာကွယ်နိုင်ပါသည်။

ငါးမျိုးစပ်ကာကွယ်ဆေးကို ကလေးအသက်(၂)လ၊ (၄)လ၊ (၆)လ အရွယ်တွင် ဘယ်ဘက်ပေါင် အလယ်ပိုင်း အရှေ့ဘက်ကြွက်သား ထဲသို့ (၃)ကြိမ် ထိုးနှံပေးပါသည်။

Tags