ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း (၁၀) သက်ကြီးဘိုးဘ...
  5. ကင်ဆာရောဂါနှင့် သက်ကြီးဘိုးဘွား

ကင်ဆာရောဂါနှင့် သက်ကြီးဘိုးဘွား

အသက်ကြီးလာသောအခါ ကင်ဆာဖြစ်စေသော မျိုးဗီဇများ ထကြွလာခြင်းကြောင့်လည်းကောင်း၊ ကင်ဆာ မဖြစ်စေသော မျိုးဗီဇများ အားနည်းလာခြင်းကြောင့်လည်းကောင်း၊ မိမိသက်တမ်းတလျှောက် ကြုံတွေ့၊ သုံးစွဲခဲ့သော ကင်ဆာဖြစ်စေသည့် အကြောင်းအရာများကြောင့် သော်လည်းကောင်း ကင်ဆာ ပိုမိုဖြစ်လာနိုင်ပါသည်။ အသက် (၇၅)နှစ် အရွယ်တွင် ကင်ဆာရောဂါဖြစ်ပွားနိုင်မှုသည် အသက် (၂၅)နှစ်အရွယ် ထက်စာလျှင် အဆ(၁၀၀) ဖြစ်ပွားနိုင်နှုန်းရှိပါသည်။

ကင်ဆာရောဂါ ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများ

  • အရက်ဖြတ်ခြင်း၊ ဆေးလိပ်ဖြတ်ခြင်းနှင့် ကွမ်းဖြတ်ခြင်း
  • ကွမ်းမစားခြင်း
  • အသီးအရွက်များ များများစားခြင်း
  • လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်း
  • သင့်တင့်လျောက်ပတ်၍ ဘေးမဖြစ်စေသော အစားအစာစားသုံးခြင်းတို့ ပြုလုပ်ရပါမည်။