ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း(၂) တိုးချဲ့ကာကွယ်...
  5. ၁-၁၂။ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ

၁-၁၂။ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပိုး (ရိုတာဗိုင်းရပ်)သည် တစ်နှစ်အောက်ကလေးများနှင့် ကလေးငယ်များတွင် ပြင်းထန်သော ဝမ်းပျက် ဝမ်းလျှောရောဂါ ဖြစ်စေသော အဓိကအကြောင်းရင်းတစ်ခုဖြစ်ပါသည်။

ရိုတာဗိုင်းရပ်ပိုးသည် မစင်မှတဆင့် ပါးစပ်သို့ ဝင်ရောက်သောနည်းလမ်းဖြင့် ကူးစက်ပျံ့နှံ့ပါသည်။ ပတ်ဝန်းကျင်တွင် ကာလကြာရှည် ရှင်သန်နိုင်ပါသည်။

ရောဂါပြင်းထန်သောအခါ ထိရောက်သောကုသမှုများ လျင်မြန်စွာ မပြုနိုင်ပါက၊ သွေးလန့်ခြင်းနှင့် သေဆုံးခြင်းဖြစ်နိုင်ပါသည်။ ရိုတာ ဗိုင်းရပ်ပိုး ကာကွယ်ဆေးတိုက်ခြင်းဖြင့် ရိုတာဗိုင်းရပ်ပိုးကြောင့်ဖြစ်သော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကို ထိရောက်စွာ ကာကွယ်နိုင်ပါသည်။

၂၀၁၈ခုနှစ်နောက်ပိုင်းတွင် ရိုတာဗိုင်းရပ်စ်ပိုးကာကွယ်ဆေးအား ကလေးငယ်များကို အသက် (၂) လနှင့် (၄) လတွင် နှစ်ကြိမ် တိုက်ကျွေးခြင်းဖြင့် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းအစီအစဉ်တွင် စတင်ထည့်သွင်းသွားမည် ဖြစ်ပါသည်။

အသက်(၂)နစ်ကျော်သော ကလေးများကို ရိုတာဗိုင်းရပ်စ်ပိုးကာကွယ်ဆေး တိုက်ကျွေးရန်မလိုပါ။

Tags ,