ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း (၁၀) သက်ကြီးဘိုးဘ...
  5. သက်ကြီးဘိုးဘွားနှင့်အာဟာရ

သက်ကြီးဘိုးဘွားနှင့်အာဟာရ

  • သက်ကြီးဘိုးဘွားများအနေဖြင့် သစ်သီး၊ သစ်ဥ၊ ပဲအမျိုးမျိုး၊ နို့နှင့်နို့ထွက်ပစ္စည်းနှင့် လတ်လတ်ဆတ်ဆတ်သားငါးများကို စားသုံး သင့်ပါသည်။
  • ဝမ်းမချုပ်စေရန်အတွက်လည်း ဟင်းသီးဟင်းရွက်များများ စားသုံးသင့်သလို တစ်နေ့လျှင် အနည်းဆုံး ရေ(၆)ခွက်မှ (၈)ခွက် (၁ဝဝဝ မှ ၂ဝဝဝ စီစီ) ၂ လီတာခန့် သောက်သုံးသင့်ပါသည်။
  • သက်ကြီးဘိုးဘွားများတွင် သွားမကောင်းသည့် ပြဿနာရှိသဖြင့် အစားအသောက်ပြင်ဆင်သည့်အခါ အဝါးရလွယ်ကူစေရန် သေးနိုင်သမျှ အသေးဆုံးလှီးဖြတ်၍ နူးညံ့ပျော့ပျောင်းအောင် ပြင်ဆင်ပေးရန် လိုအပ်ပါသည်။
  • အစာစားလျှင် မိသားစုဝင်တစ်ယောက်နှင့်အတူ အဖော်ပြုစားသင့်ပါသည်။