ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း (၆) မိခင် နှင့် မ...
  5. မွေးဖွားစဉ်အန္တရာယ်လက္ခဏာများ

မွေးဖွားစဉ်အန္တရာယ်လက္ခဏာများ

အောက်ပါအခြေအနေများ ဖြစ်ပေါ်လာပါကဆေးရုံ/ဆေးခန်း/ ကျန်းမာရေးဌာနသို့ နေ့ညမဆိုင်း ချက်ချင်း ပြပါ။

မိခင်

  • ရေမြွာပေါက်ပြီး (၆)နာရီကြာသည့်တိုင်အောင် ဗိုက်မနာလျှင်
  • ဗိုက်နာခြင်း (၁၂)နာရီကျော်သည်အထိ မမွေးသေးလျှင်
  • မွေးပြီး သွေးများဆင်းလျှင် (သို့) (၅)မိနစ်အတွင်း အောက်ခံပစ္စည်း၊ အဝတ်တွင် သွေးများရွဲနစ်နေလျှင် ကလေးထွက်ပြီး (၁)နာရီကြာသည်အထိ အချင်းမကျလျှင်

မွေးကင်းစကလေး

  • ကလေးအလွန်သေးလျှင်
  • အသက်ရှူခက်လျှင်
  • နို့ကောင်းစွာမစို့လျှင်

မွေးဖွားပြီးစမိခင်များအတွက် အန္တရာယ်လက္ခဏာများ

မီးတွင်းချိန်တွင် အောက်ပါအခြေအနေများ ဖြစ်ပေါ်လာပါကဆေးရုံ ဆေးခန်း /ကျန်းမာရေးဌာနသို့ နေ့ညမဆိုင်း ချက်ခြင်းပြပါ။
  • သွေးဆင်းများလျှင်
  • ခေါင်းအလွန်ကိုက်ပြီး အမြင်မှုန်ဝါးလျှင်
  • တက်လျှင်
  • အသက်ရှူမြန်လျှင်၊ အသက်ရှူခက်လျှင်
  • ဖျားပြီးအိပ်ရာမှ မထနိုင်လောက်အောင် အားနည်းလျှင်