ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း (၉) ကျန်းမာရေး နှ...
  5. ၉.၁ ကျန်းမာပျော်ရွှင် ဘဝတစ်ခွင်

၉.၁ ကျန်းမာပျော်ရွှင် ဘဝတစ်ခွင်

ကျန်းမာခြင်းဆိုသည်မှာ ခန္ဓာကိုယ်ချို့ယွင်းမှုကင်း၍ ရောဂါဘယကင်းရှင်းယုံသာမက၊ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်း၊ လူမှုရေးသုခနှင့် ပြည့်စုံခြင်းတို့ကို ဆိုလိုပါသည်။

၁။ လက်ဆေးခြင်းအမူအကျင့်များအပါအဝင် တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဆောင်ရွက်ပါ။

၂။ အန္တရာယ်ကင်း၍ ကျန်းမာရေးနှင့်ညီညွတ်သည့် အာဟာရပြည့်ဝသော အစားအစာများကို စားသုံးပါ။ ဆီနှင့် အငန်များသော အစားအစာများကို ရှောင်ကြဉ်ပါ။ ဟင်းချိုမှုန့် စားသုံးခြင်းကို လုံးဝရှောင်ကြဉ်ပါ။

၃။ လူကို အန္တရာယ်ဖြစ်စေတတ်သော ဓါတ်သတ္ထုနှင့် ပိုးမွှားကင်းစင်သည့် သန့်ရှင်းသောရေကို သောက်သုံးပါ။

၄။ ရာသီဥတုနှင့် လိုက်လျောညီထွေစွာ ဝတ်စားဆင်ယင်နေထိုင်ပါ။

၅။ အသက်အရွယ်နှင့် လိုက်လျောညီထွေသည့် သင့်တင့်မျှတသော ကိုယ်လက်လှုပ်ရှားမှုကို နေ့စဉ် မှန်မှန်ဆောင်ရွက်ပါ။

၆။ နေ့စဉ်လုပ်ငန်းဆောင်တာများ ဆောင်ရွက်ခြင်းကြောင့် ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေရန် လုံလောက်စွာအနားယူပါ။

၇။ ဘယ်အချိန်အိပ်အိပ်၊ ဘယ်နေရာအိပ်အိပ် ခြင်ထောင်ဖြင့် အိပ်ပါ။ ဖြစ်နိုင်လျှင် ဆေးစိမ်ခြင်ထောင်ဖြင့် အိပ်ပါ။

၈။ ကျန်းမာရေးနှင့်ညီညွတ်သည့် သန့်ရှင်းသော ယင်လုံအိမ်သာကို သုံးစွဲပါ။

၉။ အရက်သောက်ခြင်းကို ရှောင်ကြဉ်၍ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများ သောက်သုံးခြင်း၊ ကွမ်းစားခြင်းတို့ကို လုံးဝရှောင်ကြဉ်ပါ။

၁၀။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ သုံးစွဲခြင်းကို လုံးဝရှောင်ကြဉ်ပါ။

၁၁။ လိင်အပျော်အပါးလိုက်စားခြင်းကို ရှောင်ကြဉ်ပါ၊ မရှောင်နိုင်ပါက ကွန်ဒုံးသုံးစွဲပါ။

၁၂။ သဘာဝပတ်ဝန်းကျင် (ရေ၊ မြေ၊ လေ)ကို ညစ်ညမ်းစေသည့် အပြုအမူများဖြစ်သော မြေပေါ် ရေပေါ်တွင် မစင်စွန့်ခြင်း၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း၊ အန္တရာယ်ဖြစ်စေသည့် ဓါတ်ငွေ့များ၊ မီးခိုးငွေ့များကို စည်းကမ်းမဲ့ စွန့်ထုတ်ခြင်းတို့ကို ရှောင်ကြဉ်ပါ။

၁၃။ ယာဉ်အန္တရာယ်ကင်းဝေးရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို လိုက်နာပါ။

၁၄။ စိတ်ဖိစီးမှုများ တတ်နိုင်သလောက် လျှော့ချပါ။

၁၅။ သဘာဝဘေးအန္တရာယ်နှင့် ပတ်သတ်သော သတင်းအချက်အလက်များကို အစဉ်သတိပြု လိုက်နာဆောင်ရွက်ပါ။