ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း (၁၀) သက်ကြီးဘိုးဘ...
  5. သက်ကြီးဘိုးဘွားနှင့် ထိခိုက်ဒဏ်ရာ

သက်ကြီးဘိုးဘွားနှင့် ထိခိုက်ဒဏ်ရာ

သက်ကြီးဘိုးဘွားများအနေဖြင့် မျက်စိမှုန်ခြင်း၊ နားလေးခြင်းတို့ကြောင့်လည်းကောင်း၊ ကြွက်သားအားလျော့နည်းမှုနှင့် အရိုးအဆစ်များ ခိုင်မာမှု ကျဆင်းလာသောကြောင့် ခန္ဓာကိုယ်ဟန်ချက် မထိန်းနိုင်ခြင်း၊ အပူအအေးသိမှု ကျဆင်းလာမှုတို့ကြောင့် ထိခိုက်ဒဏ်ရာများ ပိုမိုရရှိ လာနိုင်ပါသည်။

ထိခိုက်ဒဏ်ရာရရှိမှုမှ ကာကွယ်နိုင်မည့် နည်းလမ်းများ

  • သက်ကြီးဘိုးဘွား၏ပတ်ဝန်းကျင်တွင် မြင်သာထင်သာသော အရောင်များသုံးရမည်။
  • ထိခိုက်ဒဏ်ရာရရှိနိုင်သော အတားအဆီးပစ္စည်းများကို ဖယ်ရှားထားရမည်။
  • အလင်းရောင်ကောင်းစွာ ရရှိအောင် စီစဉ်ဆောင်ရွက်ပေးရမည်။
  • ဖမ်းကိုင်၊ ဆုပ်ကိုင်နိုင်သော ပစ္စည်းများ၊ တန်းများ ထားပေးရမည်။
  • ချော်လဲနိုင်သောဖိနပ်များကို မစီးရပါ။
  • နားကောင်းစွာကြားအောင် နားဖာချေးပိတ်ဆို့မှုမရှိစေရန် မှန်မှန် နားဖာချေး ကလော်ပေးရမည်။
  • မျက်မှန်ပါဝါကိုက်အောင် နှစ်စဉ်စမ်းသပ်ပေးရမည်။
  • တုတ်ကောက်၊ တောင်ဝှေးသုံး၍ သွားလာရန် အားပေးရမည်။ လှဲလျောင်းနေရာ၊ ထိုင်နေရာမှ ချက်ချင်း လျင်လျင်မြန်မြန်မထရန် သတိပေးရပါမည်။ ရုတ်တရက် သွေးပေါင်ချိန်ကျ၍ လဲကျနိုင်ပါသည်။