ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း (၄) ကျောင်းကျန်းမ...
  5. (၈) သင်တန်းနှင့် သုတေသနလုပ်ငန်း

(၈) သင်တန်းနှင့် သုတေသနလုပ်ငန်း

မြို့နယ်အဆင့်တွင် တစ်နှစ်လျှင် တစ်ကြိမ် မြို့နယ်ကျောင်းကျန်းမာရေးသင်တန်းနှင့် ကျောင်းအဆင့် ကျောင်းကျန်းမာရေး ဆင့်ပွား သင်တန်းများကို ပို့ချရမည်ဖြစ်သည်။

သုတေသနလုပ်ငန်းနှင့် ပတ်သက်၍ မိမိတို့ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ကျောင်းသားလူငယ်များတွင် အဖြစ်များသော ကျန်းမာရေး ပြဿနာများအား ဖော်ထုတ်ခြင်း၊ ကျောင်းသားလူငယ်များတွင် အန္တရာယ်ရှိသော ကျန်းမာရေးအပြုအမူများ ဖော်ထုတ်ခြင်း၊ အရပ်အမောင်းနှင့် ခန္ဓာကိုယ် အလေးချိန်အား စစ်တမ်းပြုစုခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အပြုအမူများနှင့် ပတ်သက်၍ ကျောင်းသားလူငယ်များ၏ ဗဟုသုတ၊ သဘောထားအမြင်၊ လက်တွေ့ လိုက်နာကျင့်သုံးနိုင်မှု အခြေအနေတို့ကို စစ်တမ်းပြုစုခြင်း စသည့် သုတေသနများကို ဆောင်ရွက်နိုင်ပါသည်။