ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း(၂) တိုးချဲ့ကာကွယ်...
  5. ၁-၁။ တီဘီရောဂါ

၁-၁။ တီဘီရောဂါ

တီဘီရောဂါသည်များသောအားဖြင့် အဆုတ်ကို ထိခိုက်စေပြီး ပြင်းထန်ပါက ဦးနှောက်၊ အရိုးနှင့်အဆစ် အပါအဝင် အခြားခန္ဓာကိုယ် အစိတ်အပိုင်းများကို ထိခိုက်စေနိုင်ပါသည်။

တီဘီရောဂါပိုးသည် လေထဲမှတစ်ဆင့် ကူးစက်ပျံ့နှံ့ပါသည်။

ကလေးများတွင်ဖြစ်ပွားပါက
  • အားအင်ကုန်ခမ်းမောပန်းလွယ်မည်။ ကစားလိုစိတ်မရှိပါ။
  • ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးမှု ရပ်တန့်နေခြင်း၊ အဖျားရှိခြင်းနှင့် ညဘက်ချွေးထွက်ခြင်းများလည်း ဖြစ်တတ်သည်။
  • အရိုးအဆစ်တီဘီဖြစ်ပွားပါက တင်ပဆုံရိုး၊ ဒူးနှင့် ကျောရိုးတို့တွင် ရောင်ခြင်း၊ နာခြင်းနှင့် မသန်စွမ်းခြင်း၊ လမ်းမလျှောက်နိုင်ခြင်းများ ဖြစ်တတ်ပါသည်။
တီဘီရောဂါ ကာကွယ်ရန်နည်းလမ်းမှာ –

ကလေးငယ်များအား မွေးပြီးလျှင်ပြီးခြင်း ဘီစီဂျီကာကွယ်ဆေးကို စောနိုင်သမျှအစောဆုံး ထိုးနှံပေးရမည်။ မွေးစတွင် မထိုးနှံနိုင်ပါက အသက်(၂)လတွင် ထိုးနှံပေးရမည်။ ကလေး အသက် (၁၂) လ မတိုင်မီ ဘီစီဂျီ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပေးရန်ဖြစ်ပါသည်။

ဘယ်ဘက်လက်မောင်း အပေါ်ပိုင်းတွင် အရေပြားထဲသို့ (၁)ကြိမ် ထိုးနှံပေးပါသည်။

အသက်တစ်နှစ်အထက် ကလေးများတွင် ဘီစီဂျီကာကွယ်ဆေးသည် ရောဂါကာကွယ်ပေးနိုင်မှု မသေချာသောကြောင့်

ဘီစီဂျီကာကွယ်ဆေးထိုးပေးရန် မညွှန်းတော့ပါ။

Tags ,