ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း​ ​(၁၃) အားကစားနှင...
  5. ၁၃.၂ အားကစားဆောင်ရွက်ခြင်း၏အကျိုးကျေးဇူးများ

၁၃.၂ အားကစားဆောင်ရွက်ခြင်း၏အကျိုးကျေးဇူးများ

  • ကျန်းမာခြင်းသုခ မုချခံစားရမည်။
  • မိသားစုအားလုံး ကျန်းမာပျော်ရွှင်စေရမည်။
  • လူငယ်မောင်/မယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရမည်။
  • နာမကျန်းဖြစ်၍ ဆေးဝါးကုသခြင်းမှ ကင်းဝေးစေရမည်။
  • လုပ်ငန်းခွင်၌ လုပ်အားစွမ်းပကားဖြင့် ကုန်ထုတ်လုပ်မှုတိုးတက်စေရမည်။
  • နိုင်ငံတော်၏ ဂုဏ်သိက္ခာကို အားကစားဖြင့် မြှင့်တင်နိုင်ရမည်။

ကာယလှုပ်ရှားမှုနှင့် အားကစားတွင် ပုံမှန်ပါဝင်ဆောင်ရွက်ခြင်းဖြင့် တသက်တာ ကျန်းမာရေးသုခကို ခံစားရရှိစေနိုင်သည်၊

  • ကာယလှုပ်ရှားမှုနှင့်အားကစားတွင် ပုံမှန်ပါဝင်ဆောင်ရွက်ခြင်းသည် ဆိုးဝါးသောကျန်းမာရေးရလဒ်များ၏ အန္တရာယ်မှ လျှော့ချ ပေးနိုင်သည်။
  • ကာယလှုပ်ရှားမှု အနည်းငယ်ပြုလုပ်ခြင်းသည်ပင်လျှင် လုံးဝမပြုလုပ်ခြင်းထက် များစွာအကျိုးရှိစေပါသည်။
  • ကာယလှုပ်ရှားမှုများသည် အသက်အရွယ်နှင့် ပင်ကိုယ်ကျန်းမာရေး အခြေခံပေါ်မူတည်၍ ပို၍ထိထိရောက်ရောက်၊ ပို၍အကြိမ်ရေ များများ၊ ပို၍ အချိန်ကြာကြာ ဆောင်ရွက်နိုင်သည်နှင့်အမျှ ကျန်းမာရေးရလဒ် ကောင်းကျိုးများကို ပိုမိုရရှိစေပါသည်။
  • သွက်သွက်လက်လက် လမ်းလျှောက်ခြင်းကဲ့သို့သော အတန်အသင့် ပြင်းထန်သည့်ကာယ လှုပ်ရှားမှုမျိုးကို တစ်ပတ်လျှင် အနည်းဆုံး (၁၅၀) မိနစ်ခန့် လုပ်ဆောင်ခြင်းသည် ကျန်းမာခြင်းအကျိုးရလဒ်ကို ထိထိရောက်ရောက် ရရှိစေပါသည်။ ထို့ထက်ပို၍ လုပ်ဆောင်နိုင်လေ ပို၍ အကျိုးရှိလေဖြစ်သည်။
  • သက်လုံနှင့် ကြွက်သားကြံ့ခိုင်သန်စွမ်းမှုဆိုင်ရာ ကာယလှုပ်ရှားမှုနှစ်မျိုးစလုံးက ကျန်းမာရေးအတွက် အကျိုးရှိစေသည်။
  • ကာယလှုပ်ရှားမှုအား တီးလုံး (Music) နှင့် တွဲဖက်၍ နေစဉ်ပုံမှန်လုပ်ဆောင်မှုသည် လူမျိုးတိုင်း၊ ဒေသတိုင်းတွင်ရှိသည့် ကလေး သူငယ်များ၊ ဆယ်ကျော်သက်အရွယ်များ၊ လူငယ်များ၊ လူလတ်ပိုင်းများ၊ သက်ကြီးပိုင်းများ အားလုံးအတွက် သက်ရောက်မှုရှိသည်။
  • ၎င်းအပြင် ကိုယ်ဝန်ဆောင်၊ မသန်စွမ်းသောသူများနှင့် နာတာရှည်ရောဂါဝေဒနာ ခံစားနေရသူများပင်လျှင် ကာယလှုပ်ရှားမှုကြောင့် ကျန်းမာရေးအကျိုးရလဒ်များ ခံစားရရှိစေနိုင်ပါသည်။