ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း (၄) ကျောင်းကျန်းမ...
  5. (၄) ကျောင်းတွင်းအာဟာရဖွံ့ ဖြိုးရေးနှင့် အစားအစာများ ဘေးအန္တရာယ်ကင်းဝေးရေးလုပ်ငန်း

(၄) ကျောင်းတွင်းအာဟာရဖွံ့ ဖြိုးရေးနှင့် အစားအစာများ ဘေးအန္တရာယ်ကင်းဝေးရေးလုပ်ငန်း

ဘဝတစ်လျှောက်လုံးတွင် အာဟာရဓာတ်ပြည့်ဝ၍ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကို လုံလောက်မျှတစွာ ရွေးချယ် စားသုံးတတ်စေရန် ကျောင်းသားလူငယ်အရွယ်မှစ၍ သင်ကြားလေ့ကျင့်ပေးရန် လိုအပ်ပါသည်။ အာဟာရဓာတ်များ မျှတစွာ ရရှိနိုင်စေရန် နေ့စဉ်အစာအုပ်စု (၃)စု စုံလင်အောင်စားသုံးပါ။ အစာအုပ်စု (၃) စုနှင့် ပတ်သက်သောအချက်များကို “အာဟာရဖွံ့ဖြိုးရေး” အပိုင်းတွင် အသေးစိတ် ဖတ်ရှုနိုင်ပါသည်။

အခြေခံပညာကျောင်းများတွင် ကျောင်းသားလူငယ်များ၏ ကြီးထွားဖွံ့ဖြိုးမှုအတွက် အထောက်အပံ့ဖြစ်စေရန် မူကြိုနှင့် မူလတန်း ကျောင်းသားများအတွက် အာဟာရပြည့်ဝသော နေ့လည်စာအား ကျောင်းများတွင် ပြင်ဆင်ကျွေးမွေးခြင်းကို ကျောင်းနှင့်ဒေသ အခြေအနေပေါ်တွင် မူတည်၍ ဆောင်ရွက်သင့်ပါသည်။ အစားအစာများ ဘေးအန္တရာယ်ကင်းဝေးရေးအတွက် ကူးစက်ရောဂါ ခံစားနေရသူများအား ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချခွင့်မပြုသင့်ပါ။ ကျောင်းမုန့်ဈေးတန်းတွင် ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များကိုသာ ရောင်းချသင့်ပါသည်။ ကျန်းမာရေးနှင့်မညီညွတ်၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တားမြစ်ထားသောမုန့်များကို လုံးဝ မရောင်းချသင့်ပါ။

အာဟာရချို့တဲ့ခြင်းကြောင့် ကျောင်းနေအရွယ် ကလေးများတွင် ကြီးထွားမှုနှုန်း နှေးကွေးခြင်း၊ အရပ်ပုခြင်း၊ သွေးအားနည်းခြင်း၊ ဉာဏ်ရည်ဖွံ့ဖြိုးမှု နှေးကွေးခြင်းများ ဖြစ်ပေါ်စေနိုင်ပါသည်။