ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း (၁၀) သက်ကြီးဘိုးဘ...
  5. အရက်နှင့် သက်ကြီးဘိုးဘွားကျန်းမာရေး

အရက်နှင့် သက်ကြီးဘိုးဘွားကျန်းမာရေး

သက်ကြီးဘိုးဘွားများ အရက်သောက်ပါက နှလုံးရောဂါ၊ အသည်းခြောက်ရောဂါ၊ အစာအိမ်အနာရောဂါများဖြစ်ခြင်း၊ ခြေလက်များ ထုံကျဉ် ကိုက်ခဲခြင်း၊ ပိုမို၍ သတိမေ့လျော့လာခြင်း၊ မကြာခဏ လိမ့်ကျခြင်း၊ ချော်လဲခြင်း၊ မတော်တဆ ထိခိုက်ဒဏ်ရာရခြင်းတို့ ပိုမိုဖြစ်ပွားတတ်ပြီး အရက်သမား သက်ကြီးဘိုးဘွားတို့အား ပတ်ဝန်းကျင်မှ ရှောင်ကြဉ်လာပါမည်။

အရက်ဖြတ်ရန် လိုအပ်ချက်များ

  • မိသားစု၊ ဆွေမျိုးမိတ်ဆွေများမှ ထောက်ခံအားပေးရပါမည်။
  • အရက်၏ ဆိုးကျိုးများ ဆွေးနွေးပညာပေးပြီး အကျိုးအပြစ်များ ဆန်းစစ်ရပါမည်။
  • တတ်ကျွမ်းသူနှင့် တိုင်ပင်ဆွေးနွေးပြီး ဆေးရုံတက်၍ အရက်ဖြတ်ပါက ပိုမိုကောင်းမွန်ပါမည်။