ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း(၂) တိုးချဲ့ကာကွယ်...
  5. ၁-၂။ အသည်းရောင်အသားဝါ ဘီ ရောဂါ

၁-၂။ အသည်းရောင်အသားဝါ ဘီ ရောဂါ

အသည်းရောင်အသားဝါဘီရောဂါပိုး ကူးစက်ခံရသော အသက်တစ်နှစ်အောက်ကလေးငယ်များ၏ (၉၀%)သည် နာတာရှည်ဖြစ်လာ ကြသည်။ မွေးပြီးလျှင်ပြီးခြင်း စောစီးစွာ ကာကွယ်ဆေးထိုးပေးရန် အရေးကြီးပါသည်။

အသည်းရောင်အသားဝါဘီရောဂါပိုးကူးစက်ခံရသူ၏ သွေးနှင့် အခြားခန္ဓာကိုယ်အရည်များမှ ကူးစက်ပြန့်ပွားသည်။ အိပ်ခ်ျအိုင်ဗွီ ရောဂါပိုးထက် အဆ (၅၀) မှ (၁၀၀) ထိ ပိုမိုကူးစက်နိုင်ပါသည်။

အသည်းရောင်အသားဝါ ဘီ ရောဂါဖြစ်ပွားသော ကလေးသည်
  • အားနည်းခြင်း၊
  • ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊
  • အော့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊
  • မျက်စိနှင့် အသားဝါခြင်း – စသည့်ရောဂါလက္ခဏာများ ခံစားရနိုင်ပါသည်။
နာတာရှည် အသည်းရောဂါဖြစ်ပွားသူ လူနာများသည် အသည်းပျက်စီးခြင်းကြောင့်ဖြစ်သော လက္ခဏာများဖြစ်သည့်
  • ခြေထောက်ရောင်ခြင်း
  • ဝမ်းဗိုက်ဖောင်းခြင်း
  • သွေးအန်ခြင်း
  • သတိဖောက်ပြန်ခြင်းနှင့် အမူအရာပြောင်းလဲခြင်း စသောဝေဒနာများ ခံစားရနိုင်ပါသည်။ နာတာရှည် အသည်းရောင်အသားဝါဘီရောဂါပိုးသည် အသည်းခြောက်ရောဂါ၊ အသည်းကင်ဆာရောဂါ၊ အသည်းပျက်စီးခြင်းနှင့် သေဆုံးခြင်းများ ဖြစ်စေနိုင်သည်။

အသည်းရောင် အသားဝါဘီရောဂါကို အသည်းရောင် အသားဝါဘီကာကွယ်ဆေးဖြင့် ကာကွယ်နိုင်ပါသည်။ ပထမဦးဆုံးသော ကင်ဆာ ကာကွယ်ဆေးဖြစ်ပါသည်။

ကလေးငယ်များအားလုံး မွေးကင်းစတွင် အသည်းရောင်အသားဝါ ဘီ ကာကွယ်ဆေး (တစ်မျိုးတည်း)ကို တစ်ကြိမ်ထိုးနှံပေးရမည်။ အသည်းရောင်အသားဝါဘီရောဂါကို ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ Hib ပါဝင်သော ငါးမျိုးစပ်ကာကွယ်ဆေး Pentavalent vaccine ဖြင့် ကာကွယ်နိုင်ပါသည်။ ကလေး အသက် (၂)လ၊ (၄)လ နှင့် (၆)လ အရွယ်များတွင် ငါးမျိုးစပ်ကာကွယ်ဆေးကို ကလေး၏ ဘယ်ဘက်ပေါင် အလယ်ပိုင်းအရှေ့ဘက်ရှိ ကြွက်သားထဲသို့ (၃)ကြိမ် ထိုးနှံပေးပါသည်။

Tags ,