ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း (၁၂) တိုင်းရင်းဆေ...
  5. ၁၂.၂ တိုင်းရင်းဆေးဝါးများ ဝယ်ယူသုံးစွဲရာတွင် ပြည်သူများ သတိပြုကြည့်ရှု စစ်ဆေးရမည့် အချက် (၁၀)ချက်

၁၂.၂ တိုင်းရင်းဆေးဝါးများ ဝယ်ယူသုံးစွဲရာတွင် ပြည်သူများ သတိပြုကြည့်ရှု စစ်ဆေးရမည့် အချက် (၁၀)ချက်

တိုင်းရင်းဆေးဝါးများ၏ တံဆိပ်ပတ်၊ ဘူးပတ်၊ ဘူးချိုးများတွင် ထည့်သွင်းဖော်ပြထားသော အချက် (၁၀) ချက်မှာ

() ဆေး၏ အမှတ်တံဆိပ်

() ဆေး၏ အမည်

() ဆေးတစ်ဖုံတွင် ပါဝင်သော ဆေးပစ္စည်းများ

(ဆေးဖော်စပ်ရာတွင် ပါဝင်သော ပရဆေးပစ္စည်းများကိုသိရှိနိုင်)

() သုံးစွဲနိုင်သောရောဂါများ (ဖော်ပြထားသော သုံးစွဲနိုင်သော ရောဂါများနှင့် မိမိခံစားနေရသော ရောဂါလက္ခဏာများ ကိုက်ညီမှု ရှိ/မရှိကို သေချာစွာ ဆန်းစစ်ပြီးမှသာ သုံးစွဲရန်)

() သုံးစွဲရန် ဆေးပမာဏ (လူကြီးသောက်သုံးရန် ဆေးပမာဏ၊ ကလေး (အသက်အပိုင်းအခြားအလိုက်) သောက်သုံးရန် ဆေးပမာဏ)

() တိုင်းရင်းဆေးဝါး မှတ်ပုံတင်အမှတ် – TMR 000000 (MMYY) (ဆေးဝါးမှတ်ပုံတင်ထားခြင်း ရှိ၊ မရှိ သိနိုင်၊ ဂဏန်းခြောက်လုံးသည် မှတ်ပုံတင်အမှတ်စဉ်ဖြစ်ပြီး MMYY သည် မှတ်ပုံတင်သက်တမ်းကုန်ဆုံးမည့် လနှင့်နှစ်ကို ဖော်ပြပါသည်။

() ထုတ်လုပ်ရက် – MFD / Mfd – MM/YY (ဆေးဝါး၏ လတ်ဆတ်မှုကို သိရှိနိုင်)

() ကုန်ဆုံးရက် – EXP / Exp – MMYY (သက်တမ်းလွန် ဆေးဝါး ဖြစ် /မဖြစ် သိရှိနိုင်)

() ထုတ်လုပ်မှု အပတ်စဉ် – LOT / Lot

(၁၀) ပင်ရင်း – (ဆေးဝါးထုတ်လုပ်ရာ နေရာလိပ်စာကို သိရှိနိုင်)

အထက်ပါအချက် (၁၀)ချက်အပြင် တိုင်းရင်းဆေးဝါးဖော်စပ်သည့် ပရဆေးကုန်ကြမ်းအပေါ် မူတည်၍ အချို့ဆေးဝါးများတွင်

  • သုံးစွဲရန်မသင့်သောသူများ (ဥပမာ-ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်၊ ကလေးငယ် စသည့်)နှင့်
  • သုံးစွဲရန်မသင့်သော ရောဂါများ (ဥပမာ-သွေးတိုး၊ ဆီးချိုသွေးချို စသည့်)