ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း (၅) ဆယ်ကျော်သက် လ...
  5. ဆယ်ကျော်သက်လူငယ် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း

ဆယ်ကျော်သက်လူငယ် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း

အသက်(၁၀)နှစ်မှ (၁၉)နှစ်အတွင်း ဆယ်ကျော်သက်များနှင့် အသက်(၁၅)နှစ်မှ (၂၄)နှစ်အတွင်း လူငယ်များကို ပေါင်းစည်း၍ အသက် (၁၀)နှစ်မှ (၂၄)နှစ်အတွင်းရှိသူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ဆယ်ကျော်သက်လူငယ်ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း ဟုခေါ်ပါသည်။

ဆယ်ကျော်သက်လူငယ်များသည် ကလေးဘဝမှ လူကြီးဘဝသို့ ကူးပြောင်းသည့် အချိန်ကာလဖြစ်ပြီး ထိုကာလအတွင်း ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုဘဝဆိုင်ရာ ပြောင်းလဲသည့် အချိန်ကာလတစ်ခုဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် လူငယ်များအကြား၌ အဖြစ်များသော ကျန်းမာရေးပြဿနာများမှာ

  • မတော်တဆထိခိုက်ဒဏ်ရာရမှုများ
  • သံဓာတ်နှင့် ဖောလစ်အက်စစ် ချို့တဲ့သည့် အာဟာရဆိုင်ရာ ပြဿနာများ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ပြဿနာများ (အသက်မပြည့်မီ လိင်ဆက်ဆံခြင်း၊ ကိုယ်ဝန်ဖျက်ချခြင်း၊ စောစီးစွာအိမ်ထောင်ကျခြင်း) မူးယစ်ဆေးဝါး
  • စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများ
  • ကူးစက်တတ်သော ရောဂါများ (အိပ်ခ်ျအိုင်ဗွီ အပါအဝင် လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများ၊ ငှက်ဖျားရောဂါ၊ တီဘီရောဂါ စသည်ဖြင့်)
  • ကျန်းမာရေးနှင့်မညီညွတ်သော လူနေမှုဘဝဆိုင်ရာပြဿနာများ (ဥပမာ- အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း) စသည့် ကျန်းမာရေးပြဿနာများ
  • လူကုန်ကူးမှုခံရခြင်း၊ အကြမ်းဖက်ခံရခြင်းတို့ဖြစ်ပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနှင့် ဆယ်ကျော်သက် လူငယ်တို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင်

ကျန်းမာရေးဝန်ထမ်းများ၊ မိဘများအပါအဝင် ပြည်သူလူထု၊ ဆရာများ၊ အခြားနှီးနွယ်သော ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့ အစည်းများအပြင် ဆယ်ကျော်သက်လူငယ်များကိုယ်တိုင် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါသည်။