ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း (၁၂) တိုင်းရင်းဆေ...
  5. ၁၂.၅ ရောဂါအလိုက် အသုံးပြုနိုင်သော ဆေးဖက်ဝင် အပင်များ

၁၂.၅ ရောဂါအလိုက် အသုံးပြုနိုင်သော ဆေးဖက်ဝင် အပင်များ

၁။ ဝမ်းပျက် ဝမ်းလျှောရောဂါ

  • နနွင်း- အမှုန့်ကို တစ်ကြိမ်ဇွန်းတစ်ဝက် သကြားရည်။ ပျားရည်။ ရေနွေးဖြင့် တစ်နေ့ (၃) ကြိမ် (၅) ရက် သောက်ပါ။
  • ကွမ်း – ကွမ်းရွက် (၃) ရွက်၊ ဆားအနည်းငယ်၊ ထန်းလျက် (၂) လုံးရော၍ ပြုတ်ခါပြုတ်ရည် တစ်ကြိမ် ပန်းကန်လုံး တစ်ဝက်ခန့်၊ တစ်နေ့ (၃) ကြိမ် (၅) ရက်သောက်ပါ။
  • ဖန်ခါး- အသီးမှုန့်တစ်ကြိမ်ဇွန်းတစ်ဝက်၊ တစ်နေ့ (၃) ကြိမ် ရေနွေးဖြင့် (၅) ရက်သောက်ပါ။
  • ဆီးဖြူသီး- အသီးမှုန့်တစ်ကြိမ် (၁) ဇွန်း၊ တစ်နေ့ (၃) ကြိမ်၊ (၅) ရက်သောက်ပါ။
  • မင်းကွတ်သီး – အခွံမှုန့် တစ်ကြိမ်ဇွန်းတစ်ဝက် (သို့မဟုတ်) အခွံသွေးရည် (၁) ဇွန်း၊ ရေနွေးဖြင့် တစ်နေ့ (၃) ကြိမ် (၅) ရက်သောက်ပါ။
  • အုန်းစိမ်းရည်- လိုအပ်သော အချိုဓာတ်နှင့် ဓာတ်ဆားများ ပါဝင်သဖြင့် အသုံးပြုနိုင်သည်။

၂။ ဝမ်းကိုက်ရောဂါ

  • ရာတန်စေ့- ရာတန်စေ့ အဆန် (၅) ဆန်ကို တစ်နေ့တစ်ကြိမ် (၅) ရက်သောက်ပါ (သို့မဟုတ်) အစေ့ခြောက်မှုန့် တစ်ကြိမ် ဇွန်းတစ်ဝက် တစ်နေ့ (၂) ကြိမ် (၃) သောက်ပါ။ (အချို့လူနာများတွင် မူးမော်တတ်ပါသည်)
  • ရှားစောင်းသင်္ဂနိတ်အရွက်သတ္တုရည်တစ်ကြိမ် (၁) ဇွန်း (သို့မဟုတ်) အရွက်နု (၅) ရွက် ရေနွေးဖျော၍ တစ်နေ့ (၂) ကြိမ် (၃) ရက်သောက်ပါ။ စားပါ။
  • ဘောစကိုင်း(အဝေရာ) – အရွက်နု (သို့မဟုတ်) အသီးနုပြုတ်ရည် တစ်ကြိမ် (၅) ဇွန်း တစ်နေ့( ၃) ကြိမ် (၅) ရက်သောက်ပါ။
  • မီးကွင်းဂမုန်း- အရွက်သတ္တုရည် တစ်ကြိမ် (၂) ဇွန်း၊ သကြားနှင့် တစ်နေ့ (၃) ကြိမ် (၅) ရက်သောက်ပါ။
  • ငုခေါက်- ငုခေါက်မှုန့် တစ်ကြိမ် (၁)ဇွန်း၊ ပျားရည် (၂) ဇွန်းနှင့် ရော၍ တစ်နေ့ (၃) ကြိမ်၊ (၅) ရက်သောက်ပါ။

၃။ သန်ကောင်ရောဂါ (သန်လုံးကောင်)

  • နာနတ်သီး – (လူကြီး) အသီးအလတ်စား (၃၀ ကျပ်သားခန့်အရွယ်) တစ်နေ့ (၁) လုံး (၃) ရက်စားပါ။ (ကလေး) အသီး၏ တစ်ဝက် (၁၅ ကျပ်သားခန့်) တစ်နေ့ (၁) ကြိမ် (၃) ရက်စားပါ။ နာနတ်သီးညှစ်၍ ရသော အရည်လည်း သောက်နိုင်ပါသည်။
  • ပေါက်ပွင့် – အပွင့်ကိုသုပ်၍ တစ်ကြိမ်စားလျှင် (၆) ပွင့် ၊ တစ်နေ့ (၂) ကြိမ်၊ (၃) ရက်စားပါ။
  • ဘောစကိုင်း (အဝေရာ) – အရွက် လက်တစ်ဆုပ် (၅) ကျပ်သားခန့်ကို တို့စရာအဖြစ် (သို့မဟုတ်) သုပ်၍ တစ်နေ့ (၁) ကြိမ် (၃) ရက်စားပါ။
  • ပေါက်ပန်းဖြူပွင့် – အရွက်သတ္တုရည် (၂) ဇွန်း၊ ပျားရည် (၁) ဇွန်းနှင့် ရော၍ တစ်ကြိမ်( ၃) ဇွန်း၊ တနေ့ (၂) ကြိမ် (၃) ရက်သောက်ပါ။
  • သင်္ဘောစေ့ – အမစေ့မှာ အာနိသင်ပိုမိုထက်မြက်ပါသည်။ တစ်ကြိမ် (၂) စေ့မှ (၇) စေ့သောက်ပါ။
  • အစေ့ကို ထောင်း၍ ထန်းလျက်ဖြင့်လည်း ကျွေးနိုင်သည်။

၄။ နှာစေး၊ ချောင်းဆိုး၊ ရင်ကျပ်ရောဂါ

  • ကွမ်း – အရွက်သတ္တုရည် တစ်ကြိမ် (၂) ဇွန်း၊ တစ်နေ့ (၃) ကြိမ် (၅) ရက်သောက်ပါ။
  • ဇီယာရွက်ထူ – အရွက်သတ္တုရည်တစ်ကြိမ် (၁) ဇွန်း ၊ တစ်နေ့ (၃) ကြိမ် (၅) ရက် သောက်ပါ။
  • ပင်စိမ်း – အရွက်သတ္တုရည် တစ်ကြိမ် (၁) ဇွန်း၊ တစ်နေ့ (၃) ကြိမ်၊ ထန်းလျက်။ သကြား။ ပျားရည်ဖြင့် (၅) ရက်သောက်ပါ။
  • မုရားကြီး – အရွက်သတ္တုရည် တစ်ကြိမ် (၁) ဇွန်း၊ တစ်နေ့ (၃) ကြိမ် သကြား။ ပျားရည် နှင့်
  • ရော၍ (၅) ရက်သောက်ပါ။

၅။ ရာသီဖျား (တုပ်ကွေးရောဂါ)

  • ချင်း – ချင်းပြုတ်ရည်တစ်ကြိမ် (၆) ဇွန်း၊ တစ်နေ့ (၃) ကြိမ်၊ (၅) ရက်သောက်ပါ။
  • ကွမ်း – အရွက်သတ္တုရည်တစ်ကြိမ်တစ်ဇွန်း၊ တစ်နေ့ (၃)ကြိမ်(၅) ရက်သောက်ပါ။
  • ဒန္တသုခ – ပဉ္စငါးပါးပြုတ်ရည် တစ်ကြိမ်၊ (၆) ဇွန်း ၊ တစ်နေ့ (၃) ကြိမ် (၅) ရက်သောက်ပါ။

၆။ လေထိုးလေအောင့်

  • နွယ်ချို – အမှုန့်တစ်ကြိမ်ဇွန်းတစ်ဝက်၊ တစ်နေ့ (၃) ကြိမ် (၅) ရက်သောက်ပါ။ (သွေးတိုးရောဂါ၊ အဖောရောဂါရှိသူများ သောက်သုံးရန် မသင့်။)
  • အကြောပေါင်းတစ်ထောင်- ပဉ္စငါးပါးပြုတ်ရည် တစ်ကြိမ် (၃) ဇွန်း၊ တစ်နေ့ (၃) ကြိမ်သောက်ပါ။ ပဉ္စငါးပါးအမှုန့် တစ်ကြိမ် ဇွန်း၏ သုံးပုံတစ်ပုံ၊ တစ်နေ့ (၃) ကြိမ် (၅) ရက် သောက်ပါ။
  • ကြက်သွန်ဖြူ – ကြက်သွန်ဖြူ၊ (ဗမာ) (၃) ဥမှ (၅) ဥ မီးဖုတ်၍ စားပါ။

၇။ သွေးတိုးရောဂါ

  • ဒန့်သလွန် – အရွက်စိမ်းသတ္တုရည် တစ်ကြိမ် (၂) ဇွန်း၊ တစ်နေ့ (၂) ကြိမ်ခန့် သောက်ပါ။
  • ဧကရာဇ် – အမြစ်ခေါက်မှုန့် တစ်ကြိမ် (၁) ဇွန်း တစ်နေ့ (၃) ကြိမ် သောက်ပါ။
  • ကြက်သွန်ဖြူ – တစ်နေ့ သာမန် ဥတစ်လုံး အရွယ် (၃) ဥခန့် ထမင်းနှင့် တို့မြုပ်၍ စားပေးပါ။
  • အကြောပေါင်းတစ်ထောင်- ပဉ္စငါးပါးအမှုန့် တစ်ကြိမ် (၁) ဇွန်း တစ်နေ့ (၂) ကြိမ် သောက်ပါ။
  • သံပုရာ – သံပုရာသီးတစ်လုံးအား ထက်ခြမ်းခွဲ၍ ရေနွေးကျိုက်ကျိုက်ဆူ ပန်းကန်တစ်လုံးတွင်
  • (၂) နာရီမှ (၃) နာရီထိ စိမ်၍ ၎င်းအရည်ကို သောက်ပေးပါ။

၈။ ဆီးချိုရောဂါ

  • ကြက်ဟင်းခါးသီး – အသီးမနုမရင့် သတ္တုရည် တစ်ကြိမ် အကြမ်းပန်းကန်တစ်ဝက် တစ်နေ့ (၂)ကြိမ် အစာမစားမီ နေ့စဉ်သောက်ပါ။
  • ဗေဒါ – အပွင့် ပြုတ်ရည်ကို တစ်ကြိမ် ပန်းကန်လုံးတစ်လုံး၊ တစ်နေ့ (၃)ကြိမ်၊ အစာမစားမီ
  • နေ့စဉ်သောက်ပါ။
  • သိကြားမကိုဋ် – အရွက်ခြောက်မှုန့် ပြုတ်ရည် တစ်ကြိမ်ကို ပန်းကန်လုံးတစ်လုံး တစ်နေ့ (၃)ကြိမ်၊ အစာမစားမီ နေ့စဉ်သောက်ပါ။

၉။ ပွေးရောဂါ

  • ပွေးမယ်ဇလီ – အရွက်သတ္တုရည်ဖြင့် ပွေးပေါက်သော နေရာ တစ်နေ့ (၃) ကြိမ် လိမ်းပါ။
  • တမာ – တမာခေါက်၊ အကိုင်း၊ အရွက်ပြုတ်ရည်ဖြင့် အနာအား ဆေးပါ။ အရွက်ခြောက်ပြာချ၍ အုန်းဆီဖြင့် လိမ်းပါ။

၁၀။ ဝဲရောဂါ

  • ဆိတ်ဖလူး – အရွက်ပြုတ်ရည်။ သတ္တုရည်ဖြင့် အရေပြားယားယံနာများကို လိမ်းပါ။
  • ရွက်ကျပင်ပေါက် – အရွက်သတ္တုရည်။ အရွက်ကို ပြာချ၍ သံပုရာရည်။ အုန်းဆီဖြင့် တစ်နေ့ (၃) ကြိမ်လိမ်းပါ။

၁၁။ သွားနှင့် ခံတွင်းရောဂါ

  • လေးညှင်းပွင့် – တစ်ပွင့်၏ လေးပုံတစ်ပုံ (အပွင့်မှုန့်) ကို သွားနာတွင် သိပ်ပေးပါ။ (သို့မဟုတ်) လေးညှင်းဆီတစ်စက်မှ နှစ်စက်ကို သွားနာတွင် ထည့်ပေးပါ။
  • ဒန္တသုခပင် – ပဉ္စငါးပါးလက်တစ်ဆုပ်ကို ရေလက်ဖက်ရည် ပန်းကန်တစ်လုံးထည့်၍ တစ်ဝက်ကျန်အောင် ပြုတ်ပြီး တစ်နေ့ (၂) ကြိမ် (၂) မိနစ် ငုံထွေးပါ။
  • တမာ – အရွက်အနည်းငယ်ကို ပြုတ်၍ ပြုတ်ရည်ကို (၂) မိနစ်ခန့် ငုံထားပြီးနောက်
  • ထွေးထုတ်ပါ။ တနေ့ (၃) ကြိမ်ပြုလုပ်။

၁၂။ မျက်စိနာရောဂါ

  • မန်ကျည်းပင် – အခေါက်ကို ရေစင်စွာဆေး၊ ဆားအနည်းငယ်ထည့်၍ ရေဖြင့် မပျစ်မကျဲ သွေးပြီး နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် မျက်စိပတ်လည်ကို လိမ်းပေးပါ။
  • ခန်းတောက်မြစ် – ရေဖြင့် ပျစ်ပျစ်သွေး၍ မျက်စေ့ပတ်လည် လိမ်းပါ။ တစ်နေ့ (၂) ကြိမ် ပြုလုပ်နိုင်သည်။
  • ကွမ်းရွက် – ကွမ်းရွက်စိမ်းကို မျက်စိပတ်လည် ကပ်ပေးနိုင်သည်။
  • ရှားစောင်းလက်ပပ် – ရှားစောင်းလက်ပပ်အနှစ် အနည်းငယ်ကို မျက်စိပတ်လည်တွင် အုံခြင်း၊ လိမ်းပေးခြင်းပြုလုပ်နိုင်သည်။ နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် ပြုလုပ်ပါ။