ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း (၁၂) တိုင်းရင်းဆေ...
  5. ၁၂.၄ ဥတုနှင့် ဓာတ်စာ

၁၂.၄ ဥတုနှင့် ဓာတ်စာ

ဥတုငယ် () ပါး

တိုင်းရင်းဆေးကျမ်းများတွင် အပူ၊ အအေးတူသော နှစ်လလျှင် ဥတုတစ်ခု၊ တစ်နှစ်လျှင် ဥတုငယ် (၆) ခု ပိုင်းခြားထားသည်။ ဥတုငယ် (၆) ပါး၌ လိုက်နာရန်နှင့် ရှောင်ကြဉ်ရန်အချက်များကို ကျင့်သုံးခြင်းဖြင့် ကျန်းမာခြင်းသုခကို ရရှိစေနိုင်သည်။

၁။ဝဿန ဥတု (ဝါဆိုလ၊ ဝါခေါင်လ)

လိုက်နာရန်

  • အချို၊ အဆိမ့်၊ အငန်၊ အချဉ် အရသာများ စားသုံးခြင်း၊ အစာကြေလွယ်သည့် အစပ်၊ အခါး၊ အရသာများ စားသုံးခြင်း
  • ကျည်း၊ ကုန်း၊ သတ္တဝါအသားကို စားခြင်း

ရှောင်ကြဉ်ရန်

  • အဆီအစေးမရှိသော အစာစားခြင်း
  • တက်သော အေးသော ဆေးအစာစားသုံးခြင်း

၂။သရဒဥတု (တော်သလင်းလ၊ သီတင်းကျွတ်လ)

လိုက်နာရန်

  • အချို၊ အဆိမ့်၊ အခါး၊ အဖန်၊ အငန်အရသာရှိသော အစာ
  • နွားနို့၊ သကြား၊ ဂျုံ၊ ပဲနောက်၊ ကောက်ကြီးဆန်၊ ကုန်းသတ္တဝါ အသား၊ ငှက် စသည်တို့ကို စားသုံးခြင်း
  • ဝမ်းနှုတ်ခြင်း

ရှောင်ကြဉ်ရန်

  • ရေသတ္တဝါအသားစားခြင်း
  • နွားနို့ ချဉ်သောက်ခြင်း
  • သေအရက်၊ ပုန်းရည်၊ မတ်ပဲ၊ နှမ်း၊ အပူအစပ် အဆီအစေးမရှိသော အစာများ စားသောက်ခြင်း
  • နေ့အခါ အိပ်ခြင်း၊ မေထုန်မှီဝဲခြင်း။

၃။ဟေမန္တဥတု (တန်ဆောင်မုန်းလ၊ နတ်တော်လ)

လိုက်နာရန်

  • အဆီအစေးများသော အစာ၊ အချို၊ အဆိမ့်၊ အချဉ်၊ အငန် အရသာများ စားသောက်ခြင်း
  • နွားနို့၊ ထောပတ်၊ ဆီ၊ သကြား၊ ကောက်ကြီးဆန်၊ ပျားရည်၊ ချင်းခြောက်နှင့် ကြစုသီး စားခြင်း

ရှောင်ကြဉ်ရန်

  • အဆီအစေးမရှိသော အစာ၊ ကြေလွယ်သော အစာ၊ ခါးသော အစာ၊ အဖန်၊ အစပ် အရသာရှိသော အစာစားခြင်း
  • စားနိုင်သည်ထက်လျော့၍ စားသောက်ခြင်း

၄။သိသိရဥတု (ပြာသို၊ တပို့တွဲ)

လိုက်နာရန်

  • အဆီအစေးများသော အစာ၊ အချို၊ အဆိမ့်၊ အချဉ်၊ အငန် အရသာများ စားသောက်ခြင်း
  • နွားနို့၊ ထောပတ်၊ ဆီ၊ သကြား၊ ကောက်ကြီးဆန်၊ ပျားရည်၊ ချင်းခြောက်နှင့် ကြစုသီး စားခြင်း

ရှောင်ကြဉ်ရန်

  • အဆီအစေးမရှိသော အစာ၊ ကြေလွယ်သော အစာ၊ ခါးသော အစာ၊ အဖန်၊ အစပ် အရသာရှိသော အစာစားခြင်း
  • စားနိုင်သည်ထက်လျှော့၍ စားသောက်ခြင်း

၅။ဝသန္တဥတု(တပေါင်းလ၊ တန်ခူးလ)

လိုက်နာရန်

  • ကြေလွယ်သော အစာ၊ အစပ်၊ အပူ၊ အငန်၊ အခါးအရသာရှိသော အစာများ စားခြင်း၊
  • ထောပတ်သုပ်၍ ကင်သော အသားကို စားခြင်း

ရှောင်ကြဉ်ရန်

  • အေး၍ ကြေခဲသော အစာ၊ အဆိမ့်၊ အဖန် အရသာရှိသော အစာစားခြင်း၊

၆။ဂိမှဥတု (ကဆုန်လ၊ နယုန်လ)

လိုက်နာရန်

  • အဆီအစေးများသော အစာ၊ ချိုဆိမ့်သော အရသာ၊ အေးသော ဖျော်ရည်၊ ပေါက်ပေါက်ဆုပ်၊ ကရေကရာ၊ ထောပတ်၊ နွားနို့၊ ကောက်ကြီးဆန်၊ ကုန်း သတ္တဝါသား စသည်တို့ကို စားခြင်း 1

ရှောင်ကြဉ်ရန်

  • အဆီအစေးမရှိသော အစာ၊ ပူသောအစာ၊ အစပ်၊ အချဉ်၊ အငန်အရသာရှိသော အစာစားခြင်း