ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း(၂) တိုးချဲ့ကာကွယ်...
  5. ၁-၉။ ဂျိုက်သိုးရောဂါ နှင့် မွေးရာပါဂျိုက်သိုးရောဂါ

၁-၉။ ဂျိုက်သိုးရောဂါ နှင့် မွေးရာပါဂျိုက်သိုးရောဂါ

ဂျိုက်သိုးရောဂါနှင့် မွေးရာပါ ဂျိုက်သိုးရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ကူးစက်ဖြစ်ပွားသည်။ ဂျိုက်သိုးရောဂါသည် ကလေးအရွယ်တွင် ဖြစ်ပွားလေ့ရှိသော သာမန်ရောဂါမျှသာ ဖြစ်သော်လည်း အမျိုးသမီးတစ်ဦးသည် ကိုယ်ဝန်ဆောင်စဉ် အစောပိုင်းကာလတွင် ဂျိုက်သိုးရောဂါပိုး ကူးစက်ခံရလျှင် သန္ဓေသားသို့ ရောဂါပိုးကူးစက်စေပြီး ကလေးသေဆုံးခြင်းနှင့် မွေးရာပါဂျိုက်သိုးရောဂါများ ဖြစ်ပွားနိုင်ပါသည်။

ရောဂါလက္ခဏာများ
  • ဖျားခြင်း၊ မျက်စိနီခြင်း၊ အရေပြားတွင် အဖုအပိမ့်များထွက်ခြင်းတို့ဖြစ်သည်။ ဂျိုက်သိုးရောဂါပိုး ကူးစက်ခံရသူ (၁၀) ယောက်တွင်(၂) ယောက်မှ (၅) ယောက်သည် အနီအဖုအပိမ့် ထွက်ခြင်းမရှိပါ။
  • မွေးရာပါဂျိုက်သိုးရောဂါဖြစ်ပွားပါက နားမကြားခြင်း၊ မျက်စိတိမ်စွဲခြင်းနှင့် ဉာဏ်ရည်နိမ့်ကျခြင်းစသည့် နောက်ဆက်တွဲ ပြဿနာများ ခံစားရနိုင်ပါသည်။

ဝက်သက်ဂျိုက်သိုးကာကွယ်ဆေးကို ကလေးအသက်(၉)လမှ (၁၂)လအရွယ်တွင် တစ်ကြိမ်၊ (၁၈)လအရွယ်တွင် တစ်ကြိမ်၊ ထိုးနှံပေး ရမည်။ ဝက်သက်ဂျိုက်သိုးကာကွယ်ဆေးကို ကလေးငယ်၏ ဘက်ဘက်လက်မောင်းအပေါ်ပိုင်း၊ အရေပြားအောက်သို့ ထိုးနှံပေးပါသည်။