ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း​ ​(၁၃) အားကစားနှင...
  5. ၁၃.၁ အားကစားနှင့်ကာယပညာဆိုင်ရာ အချက်အလက်များ

၁၃.၁ အားကစားနှင့်ကာယပညာဆိုင်ရာ အချက်အလက်များ

၁၃.၁.၁ လမ်းလျှောက်ခြင်း၏အကျိုးကျေးဇူးများ

  • ခန္ဓာကိုယ်နှင့် စိတ်ဓါတ်ကြံ့ခိုင်ကျန်းမာလာစေသည်။
  • သက်လုံကောင်း၍ အမောခံနိုင်သည်။
  • အဆီလျော့ကျ၍ အဝမလွန်အောင် ထိန်းပေးသည်။
  • ဦးနှောက်နှင့် အာရုံကြောအားကောင်း၍ ဉာဏ်ရည်ထက်မြက်စေသည်။
  • ကိုယ်ခံစွမ်းအားမြှင့်တက်စေပြီး၊ ရောဂါများကိုကာကွယ်သည်။
  • အကြောအချဉ် အရွတ်များကိုပျော့ပြောင်းစေ၍ လူကို ဖျတ်လတ်ပေါ့ပါးစေသည်။
  • သွေးလှည့်ပတ်မှုကောင်းမွန်ပြီး အိပ်ပျော်စားဝင်စေသည်။
  • စိတ်ဖိစီးမှု လျော့နည်းစေ၍ ကြည်လင်လန်းဆန်းစေသည်။
  • နေ့စဉ်ပုံမှန် နာရီဝက်ခန့် အမြန်လမ်းလျှောက်ပေးခြင်းဖြင့် ကျန်းမာကြံ့ခိုင်သောဘဝကို ပိုင်ဆိုင်စေသည်။

သို့ဖြစ်၍ ကိုယ်ရောစိတ်ပါ ကြံ့ခိုင်ကျန်းမာလာစေရန် လူတိုင်း နေ့စဉ် ခြေလှမ်း (၈ဝဝဝ) မှ (၁ဝဝဝဝ) အကြား လမ်းလျှောက်ခြင်း ပြုလုပ်ကြပါရန် နှိုးဆော်အပ်ပါသည်။