ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း (၁၂) တိုင်းရင်းဆေ...
  5. ၁၂.၁ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်များ

၁၂.၁ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်များ

၁။ သတ္တုရည် – သစ်ပင်၏ အရွက်၊ အပွင့် ၊ အသီး၊ အခေါက်၊ အမြစ်တစ်မျိုးမျိုးကို ထောင်းထု ကြိတ်ညှစ်ရသော အရည်

၂။ ပြုတ်ရည် – အပင်၏ အခေါက်၊ အသီး၊ အပွင့်၊ အရွက်စသည့် အစိတ်အပိုင်း လက်တစ်ဆုပ်စာ (၃ ကျပ်သား၊ ၅ ကျပ်သား) အား ရေလက်ဖက်ရည် ပန်းကန်လုံး (၃) လုံး (၂၄) ကျပ်သား ။၃၀၀ CC ထည့်၍ ရေလက်ဖက်ရည် ပန်းကန်လုံး (၁)လုံး၊ (၈ ကျပ်သားခန့်)။၁၀၀ CC ကျန်သည်အထိ ကျိုထားသော အရည် (သုံးခွက်တစ်ခွက် တင် ကျို၍ရသော ဆေးရည်)

၃။ ပဉ္စငါးပါး – သစ်ပင်၏ အခေါက်၊ အသီး၊ အပွင့်၊ အရွက်၊ အမြစ် ဟူသော ဆေးဖက်ဝင် အစိတ်အပိုင်း (၅) မျိုး

၄။ အမှုန့် – သစ်ပင်၏ ပဉ္စငါးပါး တစ်မျိုးမျိုးကို အခြောက်လှန်း၍ နူးညံ့သော ဆေးမှုန့်များ ရရှိသည် အထိ ထောင်းထု ကြိတ်ယူရရှိသော အမှုန့်

၅။ အခေါက် – သစ်ပင်၏ ပင်စည်မှ ရသော အခေါက်

၆။ အမြစ်ခေါက် – သစ်ပင်၏ အမြစ်မှ ရရှိသော အခေါက်

၇။ ဇွန်း – လက်ဖက်ရည်ဇွန်း (၅ မီလီလီတာ)

၈။ ပန်းကန်လုံး – ကော်ဖီ၊ လက်ဖက်ရည် သောက်ရာတွင် အသုံးပြုသော ပန်းကန်လုံး

၉။ အကြမ်းပန်းကန်လုံး – ရေနွေးကြမ်း၊ လက်ဖက်ရည်ကြမ်းသောက်ရာတွင် အသုံးပြုသော ပန်းကန်လုံး(၈ ကျပ်သားခန့်)။ ၁၀၀ CC

၁၀။ ရေနွေး – ကျိုက်ကျိုက်ဆူအောင် မီးဖြင့် အပူပေးထားသောရေ

၁၁။ တစ်ကြိမ် – တစ်ခါသောက် ပမာဏ

၁၂။ လက်တစ်ဆုပ်စာ – များသောအားဖြင့် ဆေးဖက်၌ အသုံးပြုသောအရွက် လက်တစ်ဆုပ်စာ ပမာဏ၊ အလေးချိန်အားဖြင့် ၃ ကျပ်သားမှ ၅ ကျပ်သားထိ

၁၃။ နို့စို့ကလေး – မွေးစမှ တစ်နှစ်အထိ

၁၄။ ကလေး – အသက်တစ်ဆယ့်နှစ်နှစ် အထိ (တစ်နှစ်မှ ဆယ့်နှစ်နှစ်ထိ)

၁၅။ လူကြီး – အသက် တစ်ဆယ့်နှစ်နှစ် အထက်

၁၆။ အမှုန့်ပြုလုပ်ပုံ – အပင်ကြီးများ၏ ပဉ္စငါးပါးအား နေပူတွင်လည်းကောင်း၊ အပင်ငယ်များအား နေရိပ် တွင်လည်းကောင်း၊ ခြောက်သွေ့အောင် ပြုလုပ်ထားသော အမှုန့်

၁၇။ သွေးရည် – ဆေးဖက်ဝင်အပင်၏ အသီးခွံအခေါက်၊ အမြစ်စသည်တို့အား ရေဖြင့် ပျစ်ပျစ်သွေး ၍ရသော အရည်

၁၈။ ဆေးပမာဏ – (၁) ပဲသား = (၁) ဂရမ်