ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း (၈) မကူးစက်နိုင်သ...
  5. ၈.၆ နာတာရှည် အဆုတ်ပွ လေပြွန်ကျဉ်းရောဂါ

၈.၆ နာတာရှည် အဆုတ်ပွ လေပြွန်ကျဉ်းရောဂါ

ဖြစ်ပွားရခြင်း အကြောင်းရင်းများ

  • ဆေးလိပ်သောက်ခြင်း
  • တခြားသူသောက်သော ဆေးလိပ်ငွေ့ကို တစ်ဆင့်ခံ ရှူရှိုက်ရခြင်း
  • အိမ်တွင်း၊ အိမ်ပြင် လေထုညစ်ညမ်းခြင်း (မီးခိုးငွေ့၊ ဖုန်မှုန့်၊ အငွေ့ မျိုးစုံ)
  • အဆုတ်နှင့် အသက်ရှူလမ်းကြောင်းကို ဥပါဒ်ဖြစ်စေသော လုပ်ငန်းခွင်ဆိုင်ရာ အခဲ၊ အရည်၊ အငွေ့ ပစ္စည်းများကို ကိုင်တွယ်ရှူရှိုက် ထိတွေ့ခြင်း

နာတာရှည် အဆုတ်ပွ လေပြွန်ကျဉ်းရောဂါ၏ လက္ခဏာများ

  • ရေရှည်ချောင်းဆိုးခြင်း
  • မောပန်းလျှင် ရွှီရွှီမြည်ခြင်း ချွဲသလိပ်များခြင်း
  • ရောဂါရင့်လျှင် လှုပ်ရှားလိုက်သည်နှင့် မောခြင်း
  • ပန်းနာရင်ကျပ်ရောဂါကဲ့သို့ ဖြစ်လိုက်၊ ပျောက်လိုက်မဟုတ်ဘဲ နာတာရှည်ခြင်း
  • ကာလကြာလျှင် နှလုံးပါထိခိုက်ခြင်း

ကာကွယ်ကုသရေးနည်းလမ်းများ

  • ဆေးလိပ်ဖြတ်ပါ။
  • လေထုညစ်ညမ်းမှုကို ကာကွယ်တားဆီးပါ။
  • ဖုန်၊ အမှုန့်၊ မီးခိုး၊ အငွေ့များကို တတ်နိုင်သလောက် ရှောင်ရှားပါ။
  • ရောဂါဖြစ်လာလျှင် နားလည်တတ်ကျွမ်းသူများထံ စောစီးစွာ ပြသကုသပါ။
  • ညွန်ကြားသောဆေးဝါးများကို ပုံမှန်သုံးစွဲပါ။
  • လိုအပ်လျှင် အောက်ဆီဂျင်ကုထုံးခံယူပါ။
  • ကျန်းမာရေးနှင့် ညီညွတ်အောင်နေထိုင်ပါ။