ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း (၄) ကျောင်းကျန်းမ...
  5. (၁) ကျောင်းကျန်းမာရေး ပညာပေးလုပ်ငန်း

(၁) ကျောင်းကျန်းမာရေး ပညာပေးလုပ်ငန်း

ကျောင်းကျန်းမာရေးပညာပေးခြင်းဆိုသည်မှာ ကျောင်းသားလူငယ်များ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပျော်ရွှင်၍ ပေါင်းသင်းဆက်ဆံရေးနှင့် ကျန်းမာရေး ကောင်းမွန်စေရန်အတွက် အန္တရာယ်ရှိသောအပြုအမူများကို ရှောင်ကြဉ်၍ သိပ္ပံနည်းကျ လမ်းမှန်သည့် အလေ့အကျင့်ကောင်း များအား လေ့ကျင့်ပျိုးထောင်ပေးခြင်းကို ဆိုလိုပါသည်။

ကျန်းမာရေးပညာပေးခေါင်းစဉ်များ
  • မူလတန်း
တစ်ကိုယ်ရေသန့်ရှင်းရေး၊ လက်ဆေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေးနှင့် စနစ်မှန်သွားတိုက်ခြင်း၊ အမှိုက်ကင်းစင်ကျောင်း၊ သန့်ရှင်းသော ယင်လုံအိမ်သာသုံးစွဲရေး၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး
  • အလယ်တန်း

ကိုယ်လက်လှုပ်ရှားအားကစား၊ ဆေးလိပ် /ဆေးရွက်ကြီးအန္တရာယ်၊ သန့်ရှင်းသာယာကျောင်းတခွင်မှာ၊ အာဟာရဖွံ့ ဖြိုးရေးနှင့် အစားအစာများ အန္တရာယ်ကင်းဝေးရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း၊ အမှိုက် ကင်းစင်ကျောင်း၊ သန့်ရှင်းသော ယင်လုံ အိမ်သာသုံးစွဲရေး၊ ပျိုရွယ်သူမျိုးဆက်ပွားကျန်းမာရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး

  • အထက်တန်း

လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများ၊ ဆယ်ကျော်သက် လူငယ်ကျန်းမာရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း၊ ဆေးလိပ် / ဆေးရွက်ကြီး / မူးယစ်ဆေးဝါးအန္တရာယ်၊ အမှိုက်ကင်းစင်ကျောင်း၊ သန့်ရှင်းသော ယင်လုံအိမ်သာသုံးစွဲရေး