ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း (၁၀) သက်ကြီးဘိုးဘ...
  5. ဆေးလိပ်နှင့် သက်ကြီးဘိုးဘွားကျန်းမာရေး

ဆေးလိပ်နှင့် သက်ကြီးဘိုးဘွားကျန်းမာရေး

  • ဆေးလိပ်သောက်ခြင်းကြောင့် နာတာရှည် ချောင်းဆိုးရောဂါများအပြင် ကင်ဆာရောဂါများ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုး ရောဂါများ၊ လေဖြတ်ခြင်းနှင့် အရိုးပွရောဂါများ ပိုမိုဖြစ်ပွားနိုင်ပါသည်။
  • ထို့ကြောင့်ဆေးလိပ်သောက်သော အဘိုးအဘွားများအနေဖြင့် ဆေးလိပ်ဖြတ်ရန် လိုအပ်ပါသည်။

ဆေးလိပ်ဖြတ်သည့်နည်းလမ်းများ

  • မီးခြစ်၊ ဆေးလိပ်ခွက်၊ ဆေးလိပ်စသည်တို့ကို မြင်သာသည့် နေရာ၌ မထားရပါ။
  • အဘိုးအဘွားများရှေ့တွင် ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်ပါ။
  • အဘိုးအဘွားများ ဆေးလိပ်ဖြတ်ခြင်းကို မိသားစုမှ ဝိုင်းဝန်းအားပေးဖို့လိုပါသည်။
  • ဆေးလိပ်သောက်ချင်စိတ်ပေါ်လာပါက စိတ်ပြေလက်ပျောက် တစ်ခုခု ထလုပ်ပါ။ အာရုံကို ပြောင်းပစ်လိုက်ပါ။
  • ကိုယ်လက်လေ့ကျင့်ခန်း ပိုမိုလုပ်ရန်လိုပါသည်။