ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း​ (၁၅) အထွေထွေ...
  5. ၁၅.၂ စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတုပစ္စည်းများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခြင်း

၁၅.၂ စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတုပစ္စည်းများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခြင်း

ပိုးသတ်ဆေးဖျန်းသည့်အခါ

  • အဝတ်အစားကို လုံခြုံစွာ ဝတ်ဆင်ပါ။
  • ဦးထုပ်၊ လက်အိတ်၊ နှာခေါင်းစည်း၊ လည်ရှည်ဖိနပ်စသော တစ်ကိုယ်ရေသုံး ကာကွယ်ရေးပစ္စည်းများကို ဝတ်ဆင်ပြီးမှ ဆေးဖျန်းပါ။
  • လေတင်အရပ်မှနေ၍ ဆေးမဖျန်းရ။
  • ဆေးဖျန်းစဉ် အစားအသောက် မစားရ၊ ကွမ်းမစားရ၊ ဆေးလိပ်မသောက်ရ။
  • ဆေးဖျန်းခေါင်းပိတ်နေပါက ပါးစပ်ဖြင့် မမှုတ်ရ။

ပိုးသတ်ဆေးဖျန်းပြီးလျှင်

  • မျက်နှာနှင့်လက်များကို ဆပ်ပြာနှင့်စင်ကြယ်စွာ ဆေးကြောပါ။ ရေချိုးပါ။
  • တစ်ကိုယ်ရေသုံး ကာကွယ်ရေး ဝတ်စုံများကို လျှော်ဖွပ်ပါ။
  • ပိုးသတ်ဆေးများကို ကလေးများ လက်လှမ်းမမီသောနေရာတွင် သော့ခပ်သိမ်းပါ။
  • ဘူးခွံဟောင်းများ၊ အိတ်ခွံဟောင်းများကို အစားအသောက် မထည့်ရ။ ဆီပုံး၊ ဆန်ပုံး၊ ရေပုံးအဖြစ် မသုံးရ။
  • အစားအသောက်နှင့် ပိုးသတ်ဆေးကို အတူရောနှော မထားရ။

ပိုးသတ်ဆေးအဆိပ်သင့်လျှင် နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်းသွားပါ။ ပိုးသတ်ဆေးဘူးကိုပါ ဆေးရုံသို့ ယူဆောင်သွားပါ။

အဆိပ်သင့်ခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများ

ရုတ်တရက် အဆိပ်သင့်လျှင် ချက်ချင်းသေတတ်သည်။ ခန္ဓာကိုယ်ထဲသို့ နည်းနည်းချင်းနှင့် နှစ်ရှည်ဝင်ပါက သားလျှောခြင်း၊ မျိုးဆက်ပွား ကျန်းမာရေး ထိခိုက်ခြင်း၊ ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြင်းအထိ ဖြစ်နိုင်သည်။