ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း(၁၄) အစားအသောက်နှင...
  5. ၁၄.၄ ဆေးပစ္စည်းကိရိယာ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်၍ သိကောင်းစရာများ

၁၄.၄ ဆေးပစ္စည်းကိရိယာ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်၍ သိကောင်းစရာများ

ဆေးပစ္စည်းကိရိယာ (Medical Device)

ဆေးပစ္စည်းကိရိယာဆိုသည်မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် အသုံးပြုသော ဂွမ်း၊ ပတ်တီး၊ ဆေးထိုးအပ်များမှ အစပြု၍ အဆင့်မြင့်နည်းပညာ အသုံးပြုထားသော ခွဲစိတ်ခန်းသုံးပစ္စည်းများနှင့် ရောဂါရှာဖွေရာတွင် အသုံးပြုသော စက်ကိရိယာများ ပါဝင်ပါသည်။

မိမိတို့နေအိမ်တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးရာ၌ အသုံးပြုသော သွေးပေါင်ချိန်စက်များ၊ ဆီးချိုတိုင်းစက်များနှင့် သာမိုမီတာ များသည်လည်း ဆေးပစ္စည်းကိရိယာများပင် ဖြစ်ကြပါသည်။

ဆေးပစ္စည်းကိရိယာ အမျိုးအစားများ

() ပုံမှန်ဆေးပစ္စည်းကိရိယာ (General Medical Device)

  • ဥပမာ-ဆေးထိုးအပ်၊ တစ်ခါသုံးနှင့် ခွဲစိတ်ခန်းသုံးလက်အိတ်၊ သွေးပေါင်ချိန်စက်၊ သာမိုမီတာ၊ ဓါတ်မှန်ရိုက်ကူးစက် … စသည်

() ရောဂါရှာဖွေရန် ခန္ဓာကိုယ်ပြင်ပတွင်သုံးသော ဆေးပစ္စည်းကိရိယာ (In Vitro Diagnostic Device)

  • ဥပမာ- ဆီးချိုတိုင်းစက်များ၊ ငှက်ဖျားပိုးရှိ/မရှိ အမြန်သွေးစစ်ကိရိယာ၊ ကိုယ်ဝန်ရှိ/မရှိ ဆီးစစ်ကိရိယာ၊ ကူးစက်ရောဂါပိုးရှိ / မရှိ အမြန်သွေးစစ်ကိရိယာများ . . စသည်

ဆေးပစ္စည်းကိရိယာတစ်ခုတွင် ကြည့်ရှုရမည့် အညွှန်းအမှတ်အသားများ၊

မိမိအိမ်တွင် အသုံးပြုသော ဆေးပစ္စည်းကိရိယာများကို လုံခြုံထိရောက်စွာ အသုံးပြုရန်နည်းလမ်းများ

၁။ အိမ်သုံးဆေးပစ္စည်းကိရိယာတစ်ခု အသုံးပြုမည်ဆိုပါက ထိုဆေးပစ္စည်း၏ အလုပ်လုပ်ပုံကို သိရှိထားရပါမည်။

ထိုသို့ သိရှိနိုင်ရန် –

  • မိမိ၏ မိသားစုဆရာဝန် (သို့) ၄င်းဆေးပစ္စည်းရောင်းချသူထံမှ သေချာစွာ မေးမြန်းမှတ်သားထားပါ။
  • ဆေးပစ္စည်းကို အသုံးပြုနိုင်ရန် တွဲဘက်လိုအပ်သောပစ္စည်းများကို မေးမြန်းထားပါ။ ဥပမာ-ဘတ္ထရီ၊ လျှပ်စစ်ဓါတ်အား စသည် ဆေးပစ္စည်းကိရိယာ၏ အညွန်းတွင် ပါရှိသော အသုံးပြုရန် ညွန်ကြားချက်များကို သေချာစွာ ဖတ်ရှုပါ။
  • အထူးသတိပေးချက်များ၊ မှားယွင်းကြောင်းအချက်ပြမှုများ (Warning sign) ကို သတိပြုပါ။
  • အသုံးပြုပုံနှင့် ပတ်သက်၍ နားမလည်သည်များရှိပါက တတ်ကျွမ်းသူထံ အကူအညီတောင်းပါ။

၂။ မိမိ အသုံးပြုမည့် ဆေးပစ္စည်းကိရိယာကို ထုတ်လုပ်သူ၏ လမ်းညွှန်ချက်အတိုင်းသာ အသုံးပြုပါ။ ဥပမာ

  • အစားအသောက်နှင့် ဆေးဝါး ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာသိကောင်းစရာများ
  • သန့်ရှင်းရေးပြုလုပ်ခြင်း၊ ဘတ္ထရီများ အစားထိုးလဲလှယ်ခြင်း၊ အစားအသောက်၊ အရည်များနှင့် ဝေးရာတွင်ထားရှိခြင်း။
  • ကလေးငယ်များ၊ အိမ်မွေးတိရစ္ဆာန်များနှင့် ဝေးရာတွင် ထားရှိခြင်း။

၃။ ဆေးပစ္စည်းကိရိယာကို စွန့်ပစ်မည်ဆိုပါက ထုတ်လုပ်သူ၏ ညွန်ကြားချက်အတိုင်းသာ စွန့်ပစ်ပါ။

၄။ အစားထိုးပစ္စည်းများ (Spare parts)၊ လဲလှယ်ရမည့် ပစ္စည်းများနှင့် အစားထိုးရမည့်နည်းလမ်းများကို သိရှိနိုင်ရန် သေချာစွာ မေးမြန်းဖတ်ရှုထားပါ။

၅။ မိမိတို့အိမ်တွင် အသုံးပြုသော ဆေးပစ္စည်းကိရိယာများ အကြောင်းအပြည့်အစုံကို မိသားစုဝင်များအား သင်ကြားပြသထားပါ။

၆။ အသုံးမပြုချိန်တွင် ဆေးပစ္စည်းကိရိယာကို ပါဝါ သေချာစွာ ပိတ်ထားပါ။

၇။ အိမ်သုံးဆေးပစ္စည်းကိရိယာကြောင့် ပြင်းထန်သော ဝေဒနာခံစားရခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းများဖြစ်ပွားပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများမှတစ်ဆင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ သတင်းပေးပို့ပါ။