ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း (၁) မွေးကင်းစ နှင...
  5. ၄။ ကလေးများ မတော်တဆထိခိုက်ဒဏ်ရာရခြင်းမှ ကာကွယ်နိုင်မည့် နည်းလမ်းများ

၄။ ကလေးများ မတော်တဆထိခိုက်ဒဏ်ရာရခြင်းမှ ကာကွယ်နိုင်မည့် နည်းလမ်းများ

ကလေးများ မတော်တဆ ထိခိုက်ဒဏ်ရာရခြင်း မဖြစ်စေရန်အတွက်

  • ကလေးများကို မျက်ခြေပြတ် မခံပါနှင့်။ စောင့်ကြည့်နေပါ။
  • ဆေးများ၊ အဆိပ်အတောက်ဖြစ်စေသောအရာများကို ကလေးလက်လှမ်းမီသောနေရာများတွင် မထားပါနှင့်။ ဘီဒိုထဲတွင် သော့ခတ် သိမ်းထားပါ။
  • ရေနွေးဘူးများ၊ ကွဲစေတတ်သော ပစ္စည်းများနှင့် ချွန်ထက်သောအရာများ (အပ်၊ ချိတ်)ကို ကလေး၏အနီးတွင် မထားပါနှင့်။
  • လျှပ်စစ်မီးခလုတ်များ၊ ပလပ်ပေါက်များအား ကလေး လက်လှမ်းမမီနိုင်သော နေရာတွင် တပ်ဆင်ပါ။
  • ကလေးအား ရေတွင်းရေကန်၊ မြစ်ချောင်းအနီးအနားနှင့် မြင့်သောနေရာတို့တွင် မကစားပါစေနှင့်။
  • ကလေးပါးစပ်ထဲဝင်ပြီး အသက်ရှူလမ်းကြောင်း ပိတ်ဆို့စေနိုင်သည့် ကျောက်လုံး၊ ဒိုးခဲ၊ ဂေါ်လီလုံး၊ ဘက်ထရီ ပလိတ်အပြား သေးလေးများ၊
  • အစေ့များ (မန်ကျည်းစေ့၊ သြဇာစေ့)တို့နှင့် မကစားပါစေနှင့်။ ကွာစေ့၊ မြေပဲ၊ နေကြာစေ့များနှင့်(ကို) မကစားပါစေနှင့်။ မကျွေးပါနှင့်။
  • မီးဖိုနှင့် မီးခွက်များအနီးတွင် ကလေးကို မကစားပါစေနှင့်။