ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း (၁၁) သဘာဝဘေးအန္တရ...
  5. ၁၁.၁ ဘေးအန္တရာယ်အမျိုးအစားများ

၁၁.၁ ဘေးအန္တရာယ်အမျိုးအစားများ

မြန်မာနိုင်ငံတွင် ဖြစ်ပွားလေ့ရှိပြီး လူကြောင့်ဖြစ်သော ဘေးအန္တရာယ်များလည်း ဖြစ်ပွားလေ့ရှိပါသည်။ ဘေးအန္တရာယ်များအား အောက်ပါအတိုင်း အမျိုးအစားခွဲခြားနိုင်ပါသည်။

(က) မိုးလေဝသနှင့် ရာသီဥတုဆိုင်ရာဘေးအန္တရာယ်များ

  • ဆိုင်ကလုန်းမုန်တိုင်း
  • မိုးသည်းထန်ခြင်းကြောင့် လျှပ်တစ်ပြက်ရေလွှမ်းမိုးခြင်း
  • မြစ်ရေကြီးခြင်းနှင့်မြို့ပြရေလွှမ်းမိုးခြင်း
  • မိုးသီးကြွေခြင်း
  • မိုးကြိုးပစ်ခြင်း
  • လေပြင်းတိုက်ခတ်ခြင်း
  • လေဆင်နှာမောင်းတိုက်ခတ်ခြင်း
  • အပူလှိုင်း၊ အအေးလှိုင်းဖြတ်ခြင်း
  • မိုးခေါင်ရေရှားခြင်း

(ခ) မြေမျက်နှာပြင်ဆိုင်ရာဘေးအန္တရာယ်များ

  • ငလျင်လှုပ်ခြင်း
  • မြေပြိုခြင်း၊ တောင်ပြိုခြင်း
  • တောမီးလောင်ခြင်း
  • မီးတောင်ပေါက်ကွဲခြင်း
  • မြေနိမ့်ဒေသများရေလွှမ်းမိုးခြင်း
  • ကမ်းရိုးတန်း ဒေသပင်လယ်ဒီရေလွှမ်းမိုးခြင်း
  • ဆူနာမီရေလှိုင်းနှင့် ရေလွှမ်းမိုးခြင်း

(၈) ဇီဝဗေဒဆိုင်ရာဘေးအန္တရာယ်များ

  • ကူးစက်ရောဂါကပ်အသွင်ဖြစ်ပွားခြင်း
  • အင်းဆက်ပိုးမွှားကျရောက်ခြင်း
  • ဇီဝလက်နက်များ

(ဃ) မတော်တဆမှုများနှင့် စက်မှုနည်းပညာဆိုင်ရာဘေးအန္တရာယ်များ

  • မီးလောင်ခြင်း
  • သယ်ယူပို့ဆောင်ရေးဆိုင်ရာ ယာဉ်မတော်တဆမှုများ (ဥပမာ – ခရီးသည်တင်ယာဉ်၊ ရထားတိမ်းမှောက်ခြင်း၊ ရေယာဉ်နစ်မြုပ်ခြင်း၊ လေယာဉ်ပျက်ကျခြင်း)
  • မိုင်းတွင်းနှင့် အဆောက်အဦးပြိုကျခြင်း၊
  • ဓာတုစက်ရုံများနှင့် နျူကလီးယားဓာတ်အားပေးစက်ရုံများ ပေါက်ကွဲခြင်း
  • ဓာတုလက်နက်နှင့် နျူကလီးယားလက်နက်များ

(င)လူမှုရေးနှင့် လက်နက်ကိုင်ပဋိပက္ခများ

  • စစ်ပွဲများ
  • အကြမ်းဖက်မှုများ
  • လူမှုအဓိကရုဏ်းများ

ဘေးအန္တရာယ်များနှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

ဘေးအန္တရာယ်များတွင် ကြိုတင်ခန့်မှန်းနိုင်သော ဘေးအန္တရာယ်များရှိသကဲ့သို့ ကြိုတင်ခန့်မှန်းရန် ခက်ခဲသော ဘေးအန္တရာယ်များ ရှိပါသည်။ ဆိုင်ကလုန်းမုန်တိုင်းနှင့် ရေလွှမ်းမိုးခြင်းကဲ့သို့သော အချို့သော ဘေးအန္တရာယ်များမှာ ကြိုတင်ခန့်မှန်း၍ ရနိုင်ပါသည်။ သို့ရာတွင် မြေငလျင်လှုပ်ခြင်းနှင့် လေဆင်နှာမောင်းတိုက်ခတ်ခြင်းကဲ့သို့သော ဘေးအန္တရာယ်များမှာ ကြိုတင်ခန့်မှန်းရန် ခက်ခဲပါသည်။

ကြိုတင်ခန့်မှန်း၍ ရနိုင်သောဆိုင်ကလုန်းမုန်တိုင်းကဲ့သို့ ဘေးအန္တရာယ်များအတွက် မိုးလေဝသသတင်းများကို အမြဲနားထောင်သင့် ပါသည်။ မြန်မာနိုင်ငံတွင် မိုးလေဝသသတင်းများကို မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သတိပေးချက်များနှင့်အတူ အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိသဖြင့် အဆိုပါ မိုးလေဝသသတင်းများကို အမြဲမပြတ် နားထောင်ပြီး ဘေးအန္တရာယ် သတိပေးချက်များကို လိုက်နာဆောင်ရွက်ရမည် ဖြစ်ပါသည်။

ထို့အပြင် မိမိဒေသအတွင်း ဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများကို ဦးစီးဆောင်ရွက်နေသော ဒေသခံ အုပ်ချုပ်ရေးအဖွဲ့ အစည်းများ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် အခြားဌာနဆိုင်ရာ အဖွဲ့ အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်ရပါမည်။

၁။ မိုးလေဝသသတင်းများနှင့် ဘေးအန္တရာယ် သတိပေးချက်များကို သတိပြုပါ။

၂။ ကျန်းမာရေးအသိပညာများ၊ ကျန်းမာရေးသတိပေးနှိုးဆော်ချက်များကို ဂရုပြုလိုက်နာဆောင်ရွက်ပါ။

၃။ ဘေးအန္တရာယ် မကျရောက်မီကတည်းက အရေးပေါ် ဆေးသေတ္တာ၊ အစားအစာ၊ သောက်သုံးရေနှင့် အခြားလိုအပ်သည်များ ကြိုတင်စုဆောင်း ပြင်ဆင်ထားရှိပါ။

၄။ သန့်ရှင်းသော သောက်သုံးရေနှင့် အစားအစာများကိုသာ စားသုံးပြီး တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်ပါ။

၅။ ဘေးအန္တရာယ် ကျရောက်ရာဒေသများ၌ ကျန်းမာရေးဝန်ထမ်းများမှ ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းကူညီပါ။