ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း​ (၁၅) အထွေထွေ...
  5. ၁၅.၃ ဟင်းသီးဟင်းရွက်၊သစ်သီးဝလံများစားသုံးရာတွင် အန္တရာယ်ကင်းစေရေး

၁၅.၃ ဟင်းသီးဟင်းရွက်၊သစ်သီးဝလံများစားသုံးရာတွင် အန္တရာယ်ကင်းစေရေး

ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများစားသုံးရာတွင် သဘာဝအတိုင်းမဟုတ်ပဲ ပြုပြင်ထားသော ဟင်းသီးဟင်းရွက်သစ်သီးဝလံများ၊ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာစသည့် ဓာတုပစ္စည်း များပါဝင်သည့်ဟင်းသီးဟင်းရွက်များကို စားသုံးမိခြင်းကြောင့် လတ်တလောတွင် ဝမ်းပျက် ဝမ်းလျှောခြင်း၊ ဗိုက်ရစ်နာခြင်း၊ အော့အန်ခြင်း၊ ခေါင်းကိုက်မူးဝေခြင်း တို့ဖြစ်ပေါ်လာနိုင်ပြီး နောက်ပိုင်းတွင် ဦးနှောက်နှင့် အာရုံကြောထိခိုက်ခြင်း၊ မျိုးပွားနိုင်စွမ်းလျော့နည်းခြင်း၊ သန္ဓေသား ချို့ယွင်းမှုဖြစ်ခြင်း၊ နှင်းခူရောဂါဖြစ်ခြင်း၊ ကင်ဆာရောဂါဖြစ်ပွားခြင်း စသည်တို့ ဖြစ်ပွားတတ်ပါသည်။

  • ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများ စားသုံးရာတွင် ကျန်းမာရေး နှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းစေရန် ဓါတုဆေးများအသုံးပြု၍ ဝါဝင်းနေအောင်ပြုလုပ်ထားသော သစ်သီးများကိုစားသုံးခြင်းမှရှောင်ကြဉ်ခြင်း၊
  • ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံစိုက်ခင်းများတွင် အသုံးပြုသည့် ပိုးသတ်ဆေးများနှင့် ဓါတုပစ္စည်းများ အစားအသောက်ထဲတွင်မပါဝင်စေရန် ဟင်းသီးဟင်းရွက်များကို မလှီးဖြတ်ခင် ရေသန့်သန့်နှင့် စင်ကြယ်စွာ ဆေးကြောပြီးမှ ချက်ပြုတ်စားသုံးခြင်း၊
  • အစိမ်းစားမည့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကို ဆားရည်တွင် (၁၅)မိနစ်ခန့် စိမ်ထားပြီး ရေသန့်သန့်ဖြင့် အထပ်ထပ် ဆေးပြီးမှ စားသုံးခြင်း၊ သဘာဝအတိုင်း စိုက်ပျိုး ရောင်းချသော ဟင်းသီးဟင်းရွက် သစ်သီးဝလံများကို စားသုံးခြင်းစသည့်အချက်များကို လိုက်နာ ဆောင်ရွက်ကြရန် လိုအပ်ပါသည်။
  • ဟင်းသီးဟင်းရွက် စိုက်ပျိုးရောင်းချသူများမှလည်း ပိုးသတ်ဆေးဘူးပါ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ပိုးသတ်ဆေး အာနိသင်ပြယ်သည့်အချိန်ထိ စောင့်ပြီးမှသာ ဈေးကွက်သို့ တင်ပို့ရောင်းချသင့်ပါသည်။