ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း(၂) တိုးချဲ့ကာကွယ်...
  5. ၁-၄။ ကြက်ညှာချောင်းဆိုးရောဂါ

၁-၄။ ကြက်ညှာချောင်းဆိုးရောဂါ

ကြက်ညှာချောင်းဆိုးရောဂါသည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတစ်မျိုးဖြစ်ပါသည်။

ဘက်တီးရီးယားရောဂါပိုးကြောင့် ဖြစ်ပွားပြီး နှာချေခြင်းနှင့် ချောင်းဆိုးခြင်းတို့မှတစ်ဆင့် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်သည်။ တစ်နှစ်အောက် ကလေးငယ်များနှင့် ငယ်ရွယ်သော ကလေးငယ်များအနေဖြင့် ကူးစက်ခံရမှု အများဆုံးဖြစ်ပြီး ပြင်းထန်သော နောက်ဆက်တွဲ ပြဿနာများဖြစ်ပွားခြင်းနှင့် အသက်ဆုံးရှုံးခြင်းများ ဖြစ်နိုင်ပါသည်။

ကြက်ညှာချောင်းဆိုးရောဂါ ဖြစ်ပွားသောကလေးသည် ကနဦးရောဂါလက္ခဏာများအဖြစ်
  • နှာရည်ယိုခြင်း၊ နှာချေခြင်း၊
  • မျက်ရည်ယိုခြင်း
  • အဖျားရှိခြင်း
  • ချောင်းအနည်းငယ်ဆိုးခြင်း စသည်တို့ ဖြစ်ပွားနိုင်ပါသည်။
  • ချောင်းဆိုးခြင်းသည် တဖြည်းဖြည်း ပိုမိုဆိုးရွားလာပြီး နောက်အကြိမ်များစွာ အဆက်မပြတ် ပြင်းထန်လာပါမည်။ နေ့ည ချောင်းဆိုးလွန်း၍ အအိပ်အနေခက်မည်။
  • အဆက်မပြတ် ပြင်းထန်စွာ ချောင်းဆိုးခြင်းရပ်နားချိန်တွင် စူးရှသောဆွဲငင်သံဖြင့် ကြက်တွန်သံသဖွယ် မြည်လျက် အသက်ရှူသွင်းပါသည်။ အဆက်မပြတ် ပြင်းထန်ကြာရှည်စွာ ချောင်းဆိုးခြင်းကြောင့် အောက်ဆီဂျင် လုံလောက်စွာ မရရှိသဖြင့် ကလေးငယ်သည် ပြာနှမ်းလာမည်။ မရပ်မနား ချောင်းရှည်ရှည်ဆိုးပြီးနောက် အော့အန်ပြီး ပင်ပန်းနွမ်းနယ်နေပါမည်။ အထူးသဖြင့် ညအချိန်တွင် မကြာခဏ ဖြစ်ပွားတတ် ပါသည်။

ကြက်ညှာချောင်းဆိုးရောဂါကို ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါဘီ၊ Hib ပါဝင်သော ငါးမျိုးစပ်ကာကွယ်ဆေး (Pentavalent Vaccine) ဖြင့် ကာကွယ်နိုင်ပါသည်။ ငါးမျိုးစပ်ကာကွယ်ဆေးကို ကလေးအသက်(၂)လ၊ (၄)လ၊ (၆)လ အရွယ်တွင် ဘယ်ဘက်ပေါင် အလယ်ပိုင်း အရှေ့ဘက်ကြွက်သားထဲသို့ (၃)ကြိမ် ထိုးနှံပေးပါသည်။

Tags ,