ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း (၆) မိခင် နှင့် မ...
  5. မွေးဖွားရာတွင်လိုအပ်မည့် သန့်စင်ခြင်း(၆)မျိုး

မွေးဖွားရာတွင်လိုအပ်မည့် သန့်စင်ခြင်း(၆)မျိုး

နီးစပ်ရာကျန်းမာရေးဌာန၊ ကျန်းမာရေးဌာနခွဲများတွင် မွေးဖွားရန်လိုအပ်သည့် သန့်စင်ခြင်း (၆)မျိုးသည် ပြီးပြည့်စုံပြီးဖြစ်ပါသဖြင့် ကျန်းမာရေးဌာနများတွင် သွားရောက်မွေးဖွားသင့်ပါသည်။ အကယ်၍မသွားရောက်နိုင်ပါက အောက်ပါသန့်စင်ခြင်း၊ (၆)မျိုးလိုအပ်ပါသည်။

၁။ သန့်စင်၍ ညီညာပြန့်ပြူးသော မွေးဖွားရန်နေရာ (ကိုယ်ဝန်ဆောင်အမျိုးသမီး မွေးဖွားမည့်နေရာ ဥပမာ-ကုတင်၊ ကြမ်းပြင် စသည်များ)

၂။ မွေးဖွားပေးမည့်သူ၏ သန့်စင်သောလက်များနှင့် ပိုးသတ်ပြီး လက်အိတ်များ

၃။ ချက်ကြိုးဖြတ်ရန်အတွက် သန့်စင်သော ဘလိတ်ဓား/ ကတ်ကြေး (ပိုးသန့်စင်ပြီး (သို့) ပြုတ်ပြီး)

၄။ သန့်စင်သော ပိုးမွှားကင်းစင်ပြီး ချက်ကြိုးချည်သည့်ကြိုး (ပိုးသန့်စင်ပြီး (သို့) ပြုတ်ပြီး) ချက်ညှပ် ကလစ်

၅။ ကလေးငယ်အား ထုပ်ပိုးရန် သန့်စင်သောအနှီးပိတ်နှင့် ဝတ်ရန်အဝတ်များ၊ ဦးထုပ်၊ ခြေအိတ်

၆။ မိခင်အတွက် သန့်စင်သောအဝတ်အစားများ