ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း (၈) မကူးစက်နိုင်သ...
  5. ၈.၁ဝ နားလေးရောဂါ

၈.၁ဝ နားလေးရောဂါ

မြန်မာနိုင်ငံတွင်လူဦးရေ၏ (၁၁%) သည်နားရောဂါတစ်ခုခုဖြစ်ပွားနေပါသည်။ ဆိုးရွားစွာနားလေးသူမှာ လူဦးရေ၏ (၄%) ရှိသည်။ အရေးကြီးသောနားလေးရောဂါများမှာ နာတာရှည် နားပြည်ယိုရောဂါ၊ သက်ကြီးနားလေးရောဂါ ၊ မွေးကင်းစနှင့် ကလေးနားလေးရောဂါနှင့် ဆူညံသံကြောင့်ဖြစ်သော နားလေးရောဂါ တို့ဖြစ်သည်။

နာတာရှည်နားပြည်ယို ရောဂါ

  • (၃) လထက်ပို၍ဆက်တိုက်နှာရည်ယိုခြင်း (သို့) နားပြည်ယိုခြင်း ဖြစ်လိုက်ပျောက်လိုက် ဖြစ်တတ်သည်။
  • နားလေးခြင်း၊ ဦးနှောက်အမြှေးရောင်ခြင်း၊ ဦးနှောက်ပြည်တည်ခြင်းစသည့်နောက်ဆက်တွဲဖြစ်တတ်သည်။
  • စနစ်တကျဆေးသောက်ခြင်း၊ ခွဲစိတ်ကုသခြင်းဖြင့် အမြစ်ပြတ်ပျောက်ကင်းနိုင်ရန် တိုင်းဒေသကြီး ပြည်သူ့ဆေးရုံ (သို့မဟုတ်) သက်ဆိုင်ရာ နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံသို့ ညွန်းပို့ပါ။

သက်ကြီးနားလေးရောဂါ

  • အသက်(၅၀)ကျော်မှ စတင်ကာ အကြားအာရုံကြောအားနည်း၍ နားလေးတတ်သည်။
  • နားနှစ်ဘက်လုံးနားလေးပါက ပြောဆိုဆက်ဆံရေးခက်ခဲကာ စိတ်ဓါတ်ကျတတ်သည်။
  • နားကြားကိရိယာ တပ်ဆင်ပေးရမည်။

မွေးကင်းစနှင့်ကလေး နားလေးရောဂါ

  • မွေးကင်းစကလေး အသားဝါရောဂါဆိုးရွားခြင်း၊ ကိုယ်အလေးချိန်မပြည့်၊ လမစေ့ခြင်း၊ မျိုးရိုးလိုက်ခြင်း၊ အချို့ဆေးဝါးများသုံးစွဲခြင်း စသည်တို့ကြောင့် နားလေးရောဂါဖြစ်ရသည်။
  • အသက်(၆)လအောက်ကလေးငယ်များကို အသံကျယ်ကျယ်ပေးပါက တုန့်ပြန်မှုရှိရမည်။ မရှိပါက စက်ဖြင့် စမ်းရန်လိုသည်။
  • နားလေးကြောင်းအသိနောက်ကျခြင်း၊ ကုသမှုမခံယူခြင်းကြောင့် ဆံ့အနားမကြားဖြစ်ရသည်။
  • အသက်(၂)နှစ်မတိုင်မီ စနစ်တကျကုသပါက ဆံ့ အခြင်းမှ ကာကွယ်နိုင်သည့်အတွက် အချိန်မီ လွှဲပြောင်းပေးရန်လိုသည်။

ဆူညံသံကြောင့်ဖြစ်သောနားလေးရောဂါ

  • ကျယ်လောင်သောဆူညံသံ (သို့) သီချင်းကို ကြာရှည်စွာ နားထောင်ခြင်း၊ နားကြပ်အသုံးပြု၍ သီချင်းကို ကြာရှည်စွာနားထောင်၍ နားလေးရောဂါ ဖြစ်တတ်သည်။
  • အသံကျယ်လောင်သော အလုပ်ပတ်ဝန်းကျင်တွင် နားအကာအကွယ် အသုံးပြုရမည်။
  • ကျယ်လောင်သော သီချင်းသံကို ကြာမြင့်စွာနားထောင်ခြင်းမှ ရှောင်ကြဉ်ရပါမည်။