အိပ်ရာထမှုသတိပြု
-
နေမထွက်မီ
(၂)
နာရီခန့်အလို၊
အိပ်ရာထရာ၏။
-
ရှေးဦးစွာ
ရတနာသုံးပါးကို အောက်မေ့၍
ဂုဏ်တော်များကို ရွတ်ဆိုရာ၏။
-
လေ၊
ကျင်ကြီး၊ ကျင်ငယ်တို့ကို
မအောင့်မချုပ် သွားရာ၏။
ခံတွင်းသန့်စင်
စိတ်ကြည်လင်
-
တြိကဋုတ်သုံးပါး
(ချင်း၊
ပိတ်ချင်း၊ ငရုတ်ကောင်းမှုန့်)ကို
ပျားရည်နှင့်ဖြစ်စေ၊
သိန္ဓောဆားကို ဆီနှင့်ဖျော်၍ဖြစ်စေ
သွားကိုပွတ်တိုက် ပြီးလျှင်
လျှာကိုခြစ်၍ မျက်နှာသစ်ရ၏။
မျက်နှာသစ်ပေး
ကျန်းမာရေး
-
ရေအေးဖြင့်
မျက်နှာသစ်ခြင်းသည် သွေးအန်ခြင်း၊
သွေးဝမ်းကျခြင်း၊ မူးဝေခြင်း၊
ဝက်ခြံ၊ မဲ့၊ တင်းတိပ်၊
ညှင်းဖြစ်ခြင်းမှ ကာကွယ်၏။
-
ရေနွေးဖြင့်
မျက်နှာသစ်ခြင်းသည် လေ၊
သလိပ်ကို ပယ်၏။ မျက်နှာနု၏။
ခံတွင်းခြောက်ခြင်းကို
ပယ်၏။
စောစီးမနက်
ရေတစ်ခွက်
-
မျက်နှာသစ်ပြီးနောက်
ညဉ့်ဦးယံက ခပ်ထားသော ရေကို
တစ်ဖန်ခွက် သောက်ရာ၏။
-
မြင်းသရိုက်နာ၊
ကိုယ်ရောင်နာ၊ ဝမ်းကိုက်နာ၊
ဖျားနာ၊ ဝမ်းချုပ်နာ၊ နူနာ၊
အဆီခဲနာ၊ ဆီး ဖောက်ပြန်သောရောဂါ၊
သွေးနာ၊ သည်းခြေနာ၊ မျက်စိနာ၊
လေ၊ သလိပ် သည်းခြေတို့ကြောင့်
အနာတို့ကိုနိုင်၏။ အနှစ်တစ်ရာ
အသက်ချမ်းသာစွာ အသက်ရှည်၏။
ဆီ
နံ့သာမွေး လိမ်းကျံပေး
-
ဦးခေါင်းဆံပင်တို့ကို
ဆီမွှေးလိမ်းခြင်းသည်
ဣန္ဒြေအလုံးစုံတို့ကို
ပြည့်ဖြိုးစေတတ်၏။ မျက်စိ
ကြည်လင်သန့်ရှင်းစေ၏။
ဦးခေါင်း၌ ရောဂါမဖြစ်နိုင်။
ဆံပင်များခြင်း၊ ရှည်ခြင်း၊
နူးညံ့ခြင်း၊ နက်ခြင်းတို့သည်
ဖြစ်ကုန်၏။
-
ပန်းတို့ဖြင့်
ထုံအပ်သော ဆီမွှေး၊ နံ့သာဆီဖြူ၊
ကရမက် အစရှိသော ဆီမွှေးတို့ဖြင့်
ကိုယ်လက်အင်္ဂါတို့ကို
လိမ်းနယ်ခြင်းသည် လေနာ၊
သလိပ်နာ၊ နှလုံးနာ၊
ပင်ပန်းခြင်းတို့ကို
ငြိမ်းစေနိုင်၏။ အားကြီး၏။
အထူးအားဖြင့် ဦးခေါင်း၊
နား၊ ခြေထောက်တို့၌
အမြဲလိမ်းနယ်အပ်၏။
-
ဖျားစ
ခုနှစ်ရက်အတွင်း အဖျားသစ်မည်၏။
အဖျားသစ်ရှိသူ၊ အစာမကြေသူ၊
ဝမ်းကျသောသူ၊ အန်သောသူ၊
ဝမ်းချုပ်ပြီးစ ဖြစ်သော
သူတို့ကို ကိုယ်ကို ဆီ
မလိမ်းအပ်။
ယှဉ်တွဲလိုက်နာ
ရေနှင့်အစာ
-
အစာအလယ်၌
ရေသောက်လျှင် ဝမ်းမီးတောက်၏။
-
အစာအဆုံး၌
ရေသောက်လျှင် ဝ၏။ သလိပ်ပွား၏။
-
ဝသောသူသည်
အစာ၏ အလယ်၌ ရေသောက်အပ်၏။
-
အစာမစားခင်
ရေသောက်လျှင် လူပိန်၏၊
ဝမ်းမီးပျက်၏။
သင့်တော်ချိန်ခါ
အိပ်စက်ရာ
-
နေ့၌
အိပ်ခြင်းသည် လေ၊ သည်းခြေကို
နိုင်၏၊ သလိပ်ပျက်၏။
-
သည်းခြေ
လေပျက်တတ်သော၊ နေ့တာရှည်
(ကဆုန်၊
နယုန်၊ ဝါဆို၊ ဝါခေါင်)
ကာလ၌ နေ့တွင်
အိပ်ရာ၏။ အခြားဥတု၌ မအိပ်ရာ။
-
အပင်ပန်းခံပြီးသူ၊
မေထုန်မှီဝဲပြီးသူ၊ ခရီးပင်ပန်း၊
ကိုယ်လက်နွမ်းနယ်သူ၊ ဝမ်းသက်သူ၊
ဘေးထိုးရင်၌ ရင်ဘတ်နာသူ၊
ပန်းနာရှိသူ၊ ရေငတ်နာရှိသူ၊
ဓာတ်အား ခွန်အားကုန်ခမ်းသောသူ၊
သလိပ်ကုန်ခမ်းသော သူငယ် /
သူအို၊ သေရည်အရက်
ယစ်သောသူ၊ ညအိပ် မပျော်သူတို့၊
နေ့အချိန်အခါ၌ အိပ်ရာ၏။
ဤမှတပါးသောသူတို့ နေ့တွင်
မအိပ်ကောင်း။ နေ့တွင်အိပ်ခြင်း၊
ညဉ့်တွင် မအိပ်ခြင်းတို့သည်
ရောဂါဖြစ်ကြောင်းတည်း။
-
ရှောက်၊
သခွာရွက်မှုန့်ကို ပျားရည်နှင့်
နယ်၍ အိပ်ခါနီးအခါ လျက်ခြင်းသည်
ချမ်းသာစွာ အိပ်ပျော်၏။
ထမင်းစားပြီး
ချိန်ခါမှတ်သားရာ
ထမင်းစားပြီး၍
-
ရပ်သောသူတို့သည်
အားကြီးကုန်၏။
-
စင်္ကြန်သွားသောသူသည်
အသက်ရှည်၏။
-
အိပ်သောသူသည်
ဝ၏။
-
ပြေးသောသူသည်
အသက်တို၏။
အဟုန်ဆန္ဒ
မဟန့်တားရ
-
အရောင်ရှိသော
ဝတ္ထုကို မျက်စိဖြင့်
မကြည့်အပ်။
-
ညဉ့်အခါ၌
နွားနို့ချဉ်ကို မစားအပ်၊
ဆားမပါသော အစာကို မစားအပ်၊
ပဲနောက်ဟင်း၊ ပျားရည်၊ ထောပတ်
မပါသော သကြားတို့ကိုလည်း
မစားအပ်။
-
ကျင်ကြီး၊
ကျင်ငယ်သွားလိုခြင်း၊
လေလည်လိုခြင်း၊ ချောင်းဆိုလိုခြင်း၊
ချေဆတ်လိုခြင်း၊ အန်လိုခြင်း၊
ကြို့ထိုးလိုခြင်း အစရှိသော
အဟုန်တို့ကို မတားမြစ်အပ်၊
မအောင့်အပ်။
Was this article helpful to you?
Yes
27
No