အစားအသောက်ဆိုးဆေးများ
- သဘာဝဆိုးဆေး(Natural Food Dyes)
- ဓာတုဆိုးဆေး (Artificial Dyes)
သဘာဝဆိုးဆေး
- သဘာဝအပင်၊ အသီးအပွင့်တို့မှ ထုတ်လုပ်ထားသဖြင့် လူတို့ကိုအန္တရာယ်ဖြစ်စေနိုင်မှု နည်းပါးသည်။
- ထုတ်လုပ်ရန်ခက်ခဲခြင်း၊ ကုန်ကျစရိတ်များပြားခြင်းတို့ကြောင်း သဘာဝဆိုးဆေးအား အသုံးမပြုကြဘဲ ဓာတုဆိုးဆေးတို့ကိုသာ အစားထိုး အသုံးပြုလာကြသည်။
ဓာတုဆိုးဆေး
- လူတို့ဖန်တီးပြုလုပ်ထားသော ဓာတုဆိုးဆေးများ၌ အစားအသောက်တွင် သုံးစွဲရန်ခွင့်ပြုထားသော ဆိုးဆေးများရှိသကဲ့သို့ အစားအသောက်တွင် သုံးစွဲရန်ခွင့်မပြုသော ဆိုးဆေးများလည်းရှိပါသည်။
မြန်မာနိုင်ငံတွင်အများဆုံးတွေ့ရှိရသော အစားအသောက်တွင်သုံးစွဲရန် ခွင့်မပြုသည့်ဆိုးဆေးများ
Auramine O (အဝါရောင်)
- ချည်၊ သိုးမွှေး၊ ပိုးထည်၊ စက္ကူ၊ သားရေများကို အရောင်ဆိုးရာတွင် အသုံးပြုသည်။
- လက်ဖက်များတွင် အများဆုံးအသုံးပြုခြင်းကို တွေ့ရသည်။
- လတ်တလောတွင် အဆိပ်အတောက်မဖြစ်စေနိုင်သော်လည်း ရေရှည်တွင် ခန္ဓာကိုယ်ကြီးထွားမှုကို ထိခိုက်စေခြင်း၊ အသည်းနှင့် ကျောက်ကပ်များပျက်စီးခြင်းနှင့် ကင်ဆာရောဂါများ ဖြစ်ပေါ်စေနိုင်သည်။
Rhodamine B (အနီရောင်)
- ရောဂါရှာဖွေရာတွင် အသုံးပြုသည့် ဓါတ်ခွဲခန်းသုံး ဆိုးဆေးတစ်မျိုးဖြစ်သည်။
- ချည်၊ သိုးမွှေး၊ ပိုးထည်၊ စက္ကူ၊ သားရေများကို အရောင်ဆိုးရာတွင်လည်း အသုံးပြုသည်။
- ငါးပိများကို အညိုရောင်မှ ပန်းရောင်အဖြစ် အမြင်လှစေရန် အဓိကအသုံးပြုသည်။
- အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဦးနှောက်အာရုံကြော ထိုင်းမှိုင်းခြင်းစသော လတ်တလောဆိုးကျိုးများ ဖြစ်ပေါ်စေသည်။
Sudan Dyes (အနီရောင်)
- ဖိနပ်၊ သားရေများကို အရောင်ဆိုးသော ဆိုးဆေးဖြစ်သည်။
- ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့်များတွင် အများဆုံး အသုံးပြုကြောင်း တွေ့ရှိရသည်။
- အသည်းကို အဆိပ်အတောက်ဖြစ်စေပြီး ကျောက်ကပ်ပျက်စီးခြင်းကို ဖြစ်ပေါ်စေနိုင်သည်။
Orange II (လိမ္မော်ရောင်)
- ငရုတ်သီးမှုန့်၊ ယိုစုံ၊ ပဲနီလေး စသည်တို့ကို အရောင်လှစေရန် အသုံးပြုကြသည်။
- အစာအိမ်အူလမ်းကြောင်းရောင်ရမ်းခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဦးနှောက်အာရုံကြော ထိုင်းမှိုင်းခြင်း စသော လတ်တလော ဆိုးကျိုးများဖြစ်ပေါ်စေသည်။
ဆိုးဆေးအန္တရာယ်
ဆိုးဆေးသည်အမြင်အားဖြင့် ပသာဒဖြစ်စေသည်မှလွဲ၍ မည်သည့်အာဟာရမျှ ပါဝင်ခြင်းမရှိပါ။ စားသုံးသူ၏ ကျန်းမာရေးကိုပါ ထိခိုက်စေ နိုင်သည့် ဆိုးကျိုးများသာရှိပါသည်။ ဆိုးဆေးပါသည့်အစားအသောက်သည် နဂိုရှိသင့်သည့် အရောင်ထက် ပိုမိုတောက်ပကာ စားချင့်စဖွယ် ဖြစ်နေတတ်ပါသည်။ အမြင်တခဏအလှအတွက် မိမိတို့တစ်ဘဝ မလဲသင့်ပေ။ မိမိတို့နှင့် မျိုးဆက်သစ်ကလေးများအတွက် ဆိုးဆေးပါဝင်သော အစားအသောက်များသည် အဓိကရှောင်ကြဉ်မည့်အရာ ဖြစ်ပါသည်။
ဆိုးဆေး၏ ဘေးထွက်ဆိုးကျိုးများ
လတ်တလောတွင် အဆိပ်အတောက်မဖြစ်စေနိုင်သော်လည်း ရေရှည်တွင် ခန္ဓာကိုယ်ကြီးထွားမှုကို ထိခိုက်စေခြင်း၊ အသည်းနှင့် ကျောက်ကပ်များ ပျက်စီးခြင်းနှင့် ကင်ဆာရောဂါများ ဖြစ်ပွားစေနိုင်သည်။
- အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဦးနှောက်အာရုံကြော ထိုင်းမှိုင်းခြင်းစသော လတ်တလော ဆိုးကျိုးများ ဖြစ်ပေါ်စေသည်။
- အသည်းကို အဆိပ်အတောက်ဖြစ်စေပြီး ကျောက်ကပ်ပျက်စီးခြင်းကို ဖြစ်ပေါ်စေနိုင်သည်။
အများပြည်သူအနေဖြင့် ရှောင်ကျဉ်ရန်များ
- သဘာဝလွန် အရောင်များရှိသော အစားအသောက်များကို ရှောင်ကြဉ်ရန်၊
- အစားအသောက်၏ မူလအရောင်ထက် လွန်ကဲသောအရောင်များ အသုံးပြုထားသော အစားအသောက်များကို သတိပြုရှောင်ကြဉ်ရန်၊၊ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို သဘာဝအရောင်အတိုင်းမဟုတ်ဘဲ အရောင်ဆိုးထားလျှင် စားသုံးခြင်းမပြုရန်၊ (ဥပမာ– မျှစ်၊ ယိုစုံ၊ လက်ဖက်၊ ငရုတ်သီးမှုန့်)