-
သက်ကြီးဘိုးဘွားများအနေဖြင့်
သစ်သီး၊ သစ်ဥ၊ ပဲအမျိုးမျိုး၊
နို့နှင့်နို့ထွက်ပစ္စည်းနှင့်
လတ်လတ်ဆတ်ဆတ်သားငါးများကို
စားသုံး သင့်ပါသည်။
-
ဝမ်းမချုပ်စေရန်အတွက်လည်း
ဟင်းသီးဟင်းရွက်များများ
စားသုံးသင့်သလို တစ်နေ့လျှင်
အနည်းဆုံး ရေ(၆)ခွက်မှ
(၈)ခွက်
(၁ဝဝဝ
မှ ၂ဝဝဝ စီစီ)
၂ လီတာခန့်
သောက်သုံးသင့်ပါသည်။
-
သက်ကြီးဘိုးဘွားများတွင်
သွားမကောင်းသည့် ပြဿနာရှိသဖြင့်
အစားအသောက်ပြင်ဆင်သည့်အခါ
အဝါးရလွယ်ကူစေရန် သေးနိုင်သမျှ
အသေးဆုံးလှီးဖြတ်၍
နူးညံ့ပျော့ပျောင်းအောင်
ပြင်ဆင်ပေးရန် လိုအပ်ပါသည်။
-
အစာစားလျှင်
မိသားစုဝင်တစ်ယောက်နှင့်အတူ
အဖော်ပြုစားသင့်ပါသည်။
Was this article helpful to you?
Yes
13
No