တစ်ကိုယ်ရေသန့်ရှင်းရေး
- ရာသီပေါ်နေစဉ်အတွင်း ခေါင်းလျှော်နိုင်ပါသည်။
- တစ်ကိုယ်ရေသန့်ရှင်းလျှင် ရောဂါမဝင်ပါ။ ယားယံခြင်း၊ အနံ့ဆိုးထွက်ခြင်းလည်း မရှိပါ။
- မိန်းမကိုယ်ပတ်ဝန်းကျင်ကို အမြဲသန့်ရှင်းအောင်ထားပါ။ အနည်းဆုံး တစ်နေ့တစ်ကြိမ် ရေနှင့်သန့်ရှင်းပါ။
- အိမ်သာမှ ထွက်သည့်အခါတိုင်း လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောပါ။
- မိန်းကလေးများရဲ့ အဝတ်အစားနှင့် အတွင်းခံများ သန့်ရှင်းမှုကို ဂရုစိုက်ပါ။
အကိုက်အခဲသက်သာပျောက်ကင်းစေရန်
- ရာသီသွေးပေါ်ချိန် အအေးမမိပါစေနှင့်။
- ချက်အောက်ပိုင်းမှာ ရေနွေးပုလင်းကပ်လို့ရပါသည်။
- သိပ်နာလျှင် အကိုက်အခဲပျောက်ဆေး ပေးနိုင်ပါသည်။
အစာအာဟာရ
- ရာသီပေါ်ချိန်တွင် အားပြည့်ကျန်းမာစေမည့် အစားအစာများကို စားရန်အရေးကြီးပါသည်။ အမျှင်ဓါတ်များပါသော ဟင်းသီးဟင်းရွက် များကို စားပါ။
- ရေများများသောက်ပါ။
- မနက်စာမစားဘဲ မနေပါနှင့်။
မိန်းကလေးများ သွေးပေါ်ချိန်မှာ သွေးအားနည်းသွားတတ်ပါသည်။ ကန်စွန်းရွက်၊ ကင်းပုံရွက်၊ ဟင်းနုနယ်ရွက်များကဲ့သို့ သံဓာတ်ကြွယ်ဝ သည့် အစိမ်းရင့်ရောင်အရွက်များ၊ ပဲကတ္တီပါနှင့် သွေးအားကောင်းစေသော အသည်း၊ အသား၊ သွေးခဲများကို စားပါ။
သက်သောင့်သက်သာနေထိုင်ခြင်း
အိပ်ရာစောစောဝင်ခိုင်းပြီး ကောင်းကောင်းအနားယူပါစေ။ ချောင်ချောင်ချိချိ အဝတ်များဝတ်ပါ။ ခါးကို တင်းကြပ်စွာ မစည်းမိစေရန် သတိပြုပါ။ ရာသီပေါ်စဉ်အတွင်း ကျောင်း၊ အလုပ် ပုံမှန်သွားနိုင်ပြီး လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်ပါသည်။
မိခင်များမှဆောင်ရွက်ရန်
- မိမိ၏ သမီးမိန်းကလေးကို ဘေးအန္တရာယ်ကင်းအောင် ပြုမူနေထိုင်တတ်စေရန် သင်ပါ။
- ညအမှောင်နှင့် လူပြတ်သောနေရာများတွင် တစ်ဦးတည်း အပြင်မထွက်ပါစေနှင့်။
- ဆေးကုသသော ဆရာဝန်နှင့် မိခင်မှလွဲ၍ မိန်းကလေး၏ ရင်သားနှင့် မိန်းမကိုယ်ကို ပြသခြင်း၊ ကိုယ်တွယ်ခြင်းမပြုစေရပါ။
- မိန်းကလေးတွင် စိုးရိမ်စရာ ကိစ္စတစ်ခုခုကြုံတွေ့ရလျှင် မိခင်ကို ချက်ချင်းအသိပေးရန် ပြောပြထားပါ။
- အုပ်ထိန်းသူမိဘအနေဖြင့် မိမိ၏သမီးမိန်းကလေးများ မိမိကိုယ်ကို တန်ဖိုးထားလေးစားတတ်စေရန် သင်ကြားပေးပါ။
မိန်းကလေးသုံး အမျိုးသမီးလစဉ်သုံး အခုအခံပစ္စည်း ရွေးချယ်ခြင်း
- ရာသီသွေးဆင်းချိန်မှာ အခုအခံပစ္စည်းအမျိုးမျိုးကို သုံးနိုင်ပါသည်။
- မလုံမှာစိုးရင် အတောင်ပါတဲ့ အခုအခံပစ္စည်းမျိုးကို သုံးပါ။ နူးညံ့တဲ့ အမျိုးအစားကို နှစ်ခြိုက်လျှင် ချည်နှင့်လုပ်သော အခုအခံပစ္စည်း မျိုးကို သုံးနိုင်ပါတယ်။ သွက်သွက်လက်လက် လှုပ်ရှားသွားလာနေချင်လျှင် အခုအခံပစ္စည်းပါးပါးကို ရွေးချယ်အသုံးပြုနိုင်ပါသည်။
- မိခင် / အုပ်ထိန်းသူအနေဖြင့်လည်း မိမိသမီး၏လိုအပ်ချက်များကို သေသေချာချာချာ နားထောင်ဆွေးနွေးတိုင်ပင်ပြီး လိုအပ်သလို ကူညီပံ့ပိုးပေးပါ။
ဆယ်ကျော်သက်လူငယ်များကို ကျန်းမာရေးစောင့်ရှောက်မှုပေးသူများအနေဖြင့်
• ပြဿနာတစ်ခုခုနှင့် ကြုံတွေ့ နေပါက ချက်ချင်းအရေးတယူ ဦးစားပေးဆောင်ရွက်ပါ။
• သူတို့အတွက် စိတ်ပူမိကြောင်းနှင့် လမ်းမှန်ပေါ် ပြန်ရောက်ရေးအတွက် ကူညီပေးရန်အသင့်ရှိကြောင်း ဆယ်ကျော်သက်လူငယ်များ နားလည်ခံစားနိုင်အောင် ပြောပေးပါ။
• လိုအပ်လျှင် သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် ညှိနှိုင်းတိုင်ပင်ပြီး ကုသမှုကို ခံယူရန် တိုက်တွန်းပါ။
ဆယ်ကျော်သက်လူငယ်ထုတစ်ရပ်လုံး ကျန်းမာဖွံ့ ဖြိုးစေရန်အတွက် မိဘဆရာ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပြည်သူတစ်ရပ်လုံးနှင့် ဆယ်ကျော်သက်လူငယ်ထုတစ်ရပ်လုံး ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါသည်။ )
ဆယ်ကျော်သက်လူငယ်များကို ဖျက်ဆီးနိုင်တဲ့အပြုအမူတွေ ရှိ/မရှိ ရှာဖွေကြည့်
- သောက်စားမူးယစ်ပြီး အိမ်ပြန်လာသလား။
- အိမ်ပြန်ချိန် မှန်ရဲ့လား။
- အစားအသောက် အချိန်မှန်ရဲ့လား။
- လောင်းကစားလုပ်နေသလား
- ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါသလား
- ကွန်ပျူတာ၊ ဖုန်းတစ်လုံးနဲ့ မနားတမ်း အလုပ်ရှုပ်နေသလား။
- ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာမှု ရှိရဲ့လား (ဥပမာ-ဆိုင်ကယ်စီးလျှင် ဦးထုပ် မဆောင်းခြင်း၊ ဖုန်းပြောခြင်း၊ နှစ်ယောက်ထက် ပိုစီးခြင်း၊ ကားစီးလျှင် ခါးပတ် မပတ်ခြင်း။)
- လိင်မှုဆိုင်ရာကိစ္စရပ်များအပေါ် မှန်ကန်သော ခံယူချက် ရှိရဲ့ လား။
- အပေါင်းအသင်း၊ သူငယ်ချင်းများတွင် အန္တရာယ် ရှိသော အကျင့်စရိုက်၊ အပြုအမူနှင့် ပြောဆို
- ဆက်ဆံမှုများ ရှိနေသလား။