သက်ကြီးဘိုးဘွားများ အရက်သောက်ပါက နှလုံးရောဂါ၊ အသည်းခြောက်ရောဂါ၊ အစာအိမ်အနာရောဂါများဖြစ်ခြင်း၊ ခြေလက်များ ထုံကျဉ် ကိုက်ခဲခြင်း၊ ပိုမို၍ သတိမေ့လျော့လာခြင်း၊ မကြာခဏ လိမ့်ကျခြင်း၊ ချော်လဲခြင်း၊ မတော်တဆ ထိခိုက်ဒဏ်ရာရခြင်းတို့ ပိုမိုဖြစ်ပွားတတ်ပြီး အရက်သမား သက်ကြီးဘိုးဘွားတို့အား ပတ်ဝန်းကျင်မှ ရှောင်ကြဉ်လာပါမည်။
အရက်ဖြတ်ရန် လိုအပ်ချက်များ
- မိသားစု၊ ဆွေမျိုးမိတ်ဆွေများမှ ထောက်ခံအားပေးရပါမည်။
- အရက်၏ ဆိုးကျိုးများ ဆွေးနွေးပညာပေးပြီး အကျိုးအပြစ်များ ဆန်းစစ်ရပါမည်။
- တတ်ကျွမ်းသူနှင့် တိုင်ပင်ဆွေးနွေးပြီး ဆေးရုံတက်၍ အရက်ဖြတ်ပါက ပိုမိုကောင်းမွန်ပါမည်။