Anthrax (ထောင့်သန်းရောဂါ)

ဘတ်တီးရီးယားပိုး Bacillus anthracis ကြောင့် ဖြစ်ပွားသည်။ ၎င်းရောဂါပိုးသည် (Spores) အသွင်ဖြင့် မြေကြီးထဲတွင် နှစ်ကြာရှည်အသက်ရှင်နေနိုင်သည်။

ကျွဲ၊ နွား၊ သိုး၊ဆိတ်ကဲ့သို့ သောတိရစ္ဆာန်များသည် ရောဂါပိုးကိုးအများဆုံး ကူးစက်ခံနိုင်သည်။ရောဂါပိုးကူးစက်ခံသော တိရစ္ဆာန်များမှ တစ်ဆင့်ဖြစ်စေ၊ ရောဂါပိုးနှင့် တိုက်ရိုက်ထိတွေ့ခြင်းဖြင့်ဖြစ်စေ တွင်ဖြစ်ပွားနိုင်သည်။ကူးစက်သည့်လမ်းကြောင်းပေါ်မူတည်၍ ရောဂါဖြစ်ပွားမှုလက္ခဏာများ ကွဲပြားသည်။

(၁) အရေပြားထောင့်သန်းရောဂါ

  • ဖြစ်ပွားမှုအများဆုံးအမျိုးအစားဖြစ်သည်။
  • လူခန္ဓာကိုယ်အရေပြားရှိ ပြတ်ရှဒဏ်ရာ၊ အနာများအတွင်းသို့ ရောဂါပိုးဝင်ရောက်၍ ဖြစ်ပွားသည်။
  • ရောဂါပိုးဝင်ရောက်ပြီးနောက်(၁)ရက်မှ(၇)ရက်အကြာတွင်ဖြစ်ပွားနိုင်သည်။
  • ရောဂါလက္ခဏာများမှာ- စတင်ဖြစ်ပွားချိန်တွင် အရေပြား၌ ယားယံသည့်

အရည်ကြည်ဖုများ စတင်ဖြစ်ပေါ်ပြီးနောက် ရောင်ယမ်းကာ အလယ်တွင် မည်းနေသည့်အနာအဖြစ်ကျန်ခဲ့သည်။ နာကျင်မှုမရှိပါ။ ပြန်ရည်ကျိတ် များပါ ရောင်ယမ်းတတ်သည်။ မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်နှင့်လက်များ တွင် တွေ့ရများသည်။

(၂) အစာအိမ်အူလမ်းကြောင်းတွင်ဖြစ်ပွားသောထောင့်သန်းရောဂါ

  • ရောဂါဖြစ်ပွားသည့်တိရစ္ဆာန်များ၏အသားကိစားခြင်းဖြင့် ဖြစ်ပွားနိုင်သည်။
  • ရောဂါပိုးဝင်ရောက်ပြီး (၁)ရက်မှ (၇)ရက်အတွင်း ဖြစ်ပွားသည်။
  • ရောဂါလက္ခဏာများမှာ- ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ပျို့ခြင်း၊ အန်ခြင်း၊ အစာစားချင်စိတ် မရှိခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းလျောခြင်း၊ သွေးအန်ခြင်း၊ သွေးဝမ်းသွားခြင်းတို့ဖြစ်သည်။

(၃) အဆုတ်တွင်ဖြစ်သော ထောင့်သန်းရောဂါ

  • အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ထောင့်သန်းရောဂါပိုး (Spores) များ | ဝင်ရောက် ခြင်းကြောင့် ဖြစ်ပွားသည်။
  • စတင်ဝင်ရောက်ပြီး (၁)ပတ်မှ (၂)လအတွင်း ဖြစ်ပွားသည်။
  • ရောဂါလက္ခဏာများမှာ- လည်ချောင်းနာခြင်း၊ ဖျားခြင်း၊ နုံးခြင်း၊ကြွက်သားများနာခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ချောင်းဆိုး သွေးပါခြင်း၊အစာမျိုရန်ခက်ခဲခြင်းတို့ဖြစ်ပွားသည်။
  • ပိုမိုဆိုးရွားလာပါက အဖျားကြီးပြီး အသက်ရှူခက်ခြင်း၊ သွေးအန်ခြင်း၊ ဦးနှောက်အမြှေးပါးရောင်ခြင်းတို့အထိ ဖြစ်ပွားပြီး အသက်ဆုံးရှုံးနိုင်သည်။

(၄) ဘိန်းဖြူ (Heroin)များကို မသန့်ရှင်းသောဆေးထိုးအပ်များဖြင့်ထိုး၍ ဖြစ်သောထောင့်သန်းရောဂါ

  • မြောက်ဥရောပရှိ ဘိန်းဖြူသုံးစွဲသူများတွင်တွေ့ရများသည်။

ထောင့်သန်းရောဂါ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများ တွေ့ရှိရပါက

အချိန်မီဆေးကုသမှုခံယူရန်လိုအပ်သည်။ နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့ချက်ချင်းသွားရောက်ပြသပါ။ ဆရာဝန်ညွှန်ကြားသည့်အတိုင်းပဋိဇီဝဆေးများကိုဆေးပတ်လည်သည်အထိ သောက်ရမည်။

ရောဂါဖြင့်သေဆုံးသောတိရစ္ဆာန်များ၏အသားကို စားသုံးခြင်း၊ သားရေကိုသုံးစွဲခြင်းမပြုဘဲ မြေမြှုပ်ပါ။

လူနာ၏အနာမှထွက်သောအရည်များအားပိုးသတ်ခြင်း၊ လူနာ၏အသုံးအဆောင်ပစ္စည်းများကို မီးရှို့ ဖျက်ဆီးခြင်း၊ရေနွေးဖြင့်ပြုတ်ခြင်းတို့ကိုပြုလုပ်ပါ။

သံသယဖြစ်ဖွယ် တိရစ္ဆာန်များနှင့် အသားစိမ်းများကို ထိတွေ့ကိုင်တွယ်သူများသည် ကျန်းမာရေးစစ်ဆေးရန် လိုအပ်ပါသည်။

Ref: https://www.cdc.gov/anthrax/basics/symptoms.html

https://www.who.int/csr/disease/Anthrax

Myanmar CDC Photo credit:https://www.cdc.gov/anthrax/basics/symptoms.html

Ref: https://www.facebook.com/health.literacy.myanmar