၁။ ဝမ်းပျက် ဝမ်းလျှောရောဂါ
- နနွင်း- အမှုန့်ကို တစ်ကြိမ်ဇွန်းတစ်ဝက် သကြားရည်။ ပျားရည်။ ရေနွေးဖြင့် တစ်နေ့ (၃) ကြိမ် (၅) ရက် သောက်ပါ။
- ကွမ်း – ကွမ်းရွက် (၃) ရွက်၊ ဆားအနည်းငယ်၊ ထန်းလျက် (၂) လုံးရော၍ ပြုတ်ခါပြုတ်ရည် တစ်ကြိမ် ပန်းကန်လုံး တစ်ဝက်ခန့်၊ တစ်နေ့ (၃) ကြိမ် (၅) ရက်သောက်ပါ။
- ဖန်ခါး- အသီးမှုန့်တစ်ကြိမ်ဇွန်းတစ်ဝက်၊ တစ်နေ့ (၃) ကြိမ် ရေနွေးဖြင့် (၅) ရက်သောက်ပါ။
- ဆီးဖြူသီး- အသီးမှုန့်တစ်ကြိမ် (၁) ဇွန်း၊ တစ်နေ့ (၃) ကြိမ်၊ (၅) ရက်သောက်ပါ။
- မင်းကွတ်သီး – အခွံမှုန့် တစ်ကြိမ်ဇွန်းတစ်ဝက် (သို့မဟုတ်) အခွံသွေးရည် (၁) ဇွန်း၊ ရေနွေးဖြင့် တစ်နေ့ (၃) ကြိမ် (၅) ရက်သောက်ပါ။
- အုန်းစိမ်းရည်- လိုအပ်သော အချိုဓာတ်နှင့် ဓာတ်ဆားများ ပါဝင်သဖြင့် အသုံးပြုနိုင်သည်။
၂။ ဝမ်းကိုက်ရောဂါ
- ရာတန်စေ့- ရာတန်စေ့ အဆန် (၅) ဆန်ကို တစ်နေ့တစ်ကြိမ် (၅) ရက်သောက်ပါ (သို့မဟုတ်) အစေ့ခြောက်မှုန့် တစ်ကြိမ် ဇွန်းတစ်ဝက် တစ်နေ့ (၂) ကြိမ် (၃) သောက်ပါ။ (အချို့လူနာများတွင် မူးမော်တတ်ပါသည်)
- ရှားစောင်းသင်္ဂနိတ် – အရွက်သတ္တုရည်တစ်ကြိမ် (၁) ဇွန်း (သို့မဟုတ်) အရွက်နု (၅) ရွက် ရေနွေးဖျော၍ တစ်နေ့ (၂) ကြိမ် (၃) ရက်သောက်ပါ။ စားပါ။
- ဘောစကိုင်း(အဝေရာ) – အရွက်နု (သို့မဟုတ်) အသီးနုပြုတ်ရည် တစ်ကြိမ် (၅) ဇွန်း တစ်နေ့( ၃) ကြိမ် (၅) ရက်သောက်ပါ။
- မီးကွင်းဂမုန်း- အရွက်သတ္တုရည် တစ်ကြိမ် (၂) ဇွန်း၊ သကြားနှင့် တစ်နေ့ (၃) ကြိမ် (၅) ရက်သောက်ပါ။
- ငုခေါက်- ငုခေါက်မှုန့် တစ်ကြိမ် (၁)ဇွန်း၊ ပျားရည် (၂) ဇွန်းနှင့် ရော၍ တစ်နေ့ (၃) ကြိမ်၊ (၅) ရက်သောက်ပါ။
၃။ သန်ကောင်ရောဂါ (သန်လုံးကောင်)
- နာနတ်သီး – (လူကြီး) အသီးအလတ်စား (၃၀ ကျပ်သားခန့်အရွယ်) တစ်နေ့ (၁) လုံး (၃) ရက်စားပါ။ (ကလေး) အသီး၏ တစ်ဝက် (၁၅ ကျပ်သားခန့်) တစ်နေ့ (၁) ကြိမ် (၃) ရက်စားပါ။ နာနတ်သီးညှစ်၍ ရသော အရည်လည်း သောက်နိုင်ပါသည်။
- ပေါက်ပွင့် – အပွင့်ကိုသုပ်၍ တစ်ကြိမ်စားလျှင် (၆) ပွင့် ၊ တစ်နေ့ (၂) ကြိမ်၊ (၃) ရက်စားပါ။
- ဘောစကိုင်း (အဝေရာ) – အရွက် လက်တစ်ဆုပ် (၅) ကျပ်သားခန့်ကို တို့စရာအဖြစ် (သို့မဟုတ်) သုပ်၍ တစ်နေ့ (၁) ကြိမ် (၃) ရက်စားပါ။
- ပေါက်ပန်းဖြူပွင့် – အရွက်သတ္တုရည် (၂) ဇွန်း၊ ပျားရည် (၁) ဇွန်းနှင့် ရော၍ တစ်ကြိမ်( ၃) ဇွန်း၊ တနေ့ (၂) ကြိမ် (၃) ရက်သောက်ပါ။
- သင်္ဘောစေ့ – အမစေ့မှာ အာနိသင်ပိုမိုထက်မြက်ပါသည်။ တစ်ကြိမ် (၂) စေ့မှ (၇) စေ့သောက်ပါ။
- အစေ့ကို ထောင်း၍ ထန်းလျက်ဖြင့်လည်း ကျွေးနိုင်သည်။
၄။ နှာစေး၊ ချောင်းဆိုး၊ ရင်ကျပ်ရောဂါ
- ကွမ်း – အရွက်သတ္တုရည် တစ်ကြိမ် (၂) ဇွန်း၊ တစ်နေ့ (၃) ကြိမ် (၅) ရက်သောက်ပါ။
- ဇီယာရွက်ထူ – အရွက်သတ္တုရည်တစ်ကြိမ် (၁) ဇွန်း ၊ တစ်နေ့ (၃) ကြိမ် (၅) ရက် သောက်ပါ။
- ပင်စိမ်း – အရွက်သတ္တုရည် တစ်ကြိမ် (၁) ဇွန်း၊ တစ်နေ့ (၃) ကြိမ်၊ ထန်းလျက်။ သကြား။ ပျားရည်ဖြင့် (၅) ရက်သောက်ပါ။
- မုရားကြီး – အရွက်သတ္တုရည် တစ်ကြိမ် (၁) ဇွန်း၊ တစ်နေ့ (၃) ကြိမ် သကြား။ ပျားရည် နှင့်
- ရော၍ (၅) ရက်သောက်ပါ။
၅။ ရာသီဖျား (တုပ်ကွေးရောဂါ)
- ချင်း – ချင်းပြုတ်ရည်တစ်ကြိမ် (၆) ဇွန်း၊ တစ်နေ့ (၃) ကြိမ်၊ (၅) ရက်သောက်ပါ။
- ကွမ်း – အရွက်သတ္တုရည်တစ်ကြိမ်တစ်ဇွန်း၊ တစ်နေ့ (၃)ကြိမ်(၅) ရက်သောက်ပါ။
- ဒန္တသုခ – ပဉ္စငါးပါးပြုတ်ရည် တစ်ကြိမ်၊ (၆) ဇွန်း ၊ တစ်နေ့ (၃) ကြိမ် (၅) ရက်သောက်ပါ။
၆။ လေထိုးလေအောင့်
- နွယ်ချို – အမှုန့်တစ်ကြိမ်ဇွန်းတစ်ဝက်၊ တစ်နေ့ (၃) ကြိမ် (၅) ရက်သောက်ပါ။ (သွေးတိုးရောဂါ၊ အဖောရောဂါရှိသူများ သောက်သုံးရန် မသင့်။)
- အကြောပေါင်းတစ်ထောင်- ပဉ္စငါးပါးပြုတ်ရည် တစ်ကြိမ် (၃) ဇွန်း၊ တစ်နေ့ (၃) ကြိမ်သောက်ပါ။ ပဉ္စငါးပါးအမှုန့် တစ်ကြိမ် ဇွန်း၏ သုံးပုံတစ်ပုံ၊ တစ်နေ့ (၃) ကြိမ် (၅) ရက် သောက်ပါ။
- ကြက်သွန်ဖြူ – ကြက်သွန်ဖြူ၊ (ဗမာ) (၃) ဥမှ (၅) ဥ မီးဖုတ်၍ စားပါ။
၇။ သွေးတိုးရောဂါ
- ဒန့်သလွန် – အရွက်စိမ်းသတ္တုရည် တစ်ကြိမ် (၂) ဇွန်း၊ တစ်နေ့ (၂) ကြိမ်ခန့် သောက်ပါ။
- ဧကရာဇ် – အမြစ်ခေါက်မှုန့် တစ်ကြိမ် (၁) ဇွန်း တစ်နေ့ (၃) ကြိမ် သောက်ပါ။
- ကြက်သွန်ဖြူ – တစ်နေ့ သာမန် ဥတစ်လုံး အရွယ် (၃) ဥခန့် ထမင်းနှင့် တို့မြုပ်၍ စားပေးပါ။
- အကြောပေါင်းတစ်ထောင်- ပဉ္စငါးပါးအမှုန့် တစ်ကြိမ် (၁) ဇွန်း တစ်နေ့ (၂) ကြိမ် သောက်ပါ။
- သံပုရာ – သံပုရာသီးတစ်လုံးအား ထက်ခြမ်းခွဲ၍ ရေနွေးကျိုက်ကျိုက်ဆူ ပန်းကန်တစ်လုံးတွင်
- (၂) နာရီမှ (၃) နာရီထိ စိမ်၍ ၎င်းအရည်ကို သောက်ပေးပါ။
၈။ ဆီးချိုရောဂါ
- ကြက်ဟင်းခါးသီး – အသီးမနုမရင့် သတ္တုရည် တစ်ကြိမ် အကြမ်းပန်းကန်တစ်ဝက် တစ်နေ့ (၂)ကြိမ် အစာမစားမီ နေ့စဉ်သောက်ပါ။
- ဗေဒါ – အပွင့် ပြုတ်ရည်ကို တစ်ကြိမ် ပန်းကန်လုံးတစ်လုံး၊ တစ်နေ့ (၃)ကြိမ်၊ အစာမစားမီ
- နေ့စဉ်သောက်ပါ။
- သိကြားမကိုဋ် – အရွက်ခြောက်မှုန့် ပြုတ်ရည် တစ်ကြိမ်ကို ပန်းကန်လုံးတစ်လုံး တစ်နေ့ (၃)ကြိမ်၊ အစာမစားမီ နေ့စဉ်သောက်ပါ။
၉။ ပွေးရောဂါ
- ပွေးမယ်ဇလီ – အရွက်သတ္တုရည်ဖြင့် ပွေးပေါက်သော နေရာ တစ်နေ့ (၃) ကြိမ် လိမ်းပါ။
- တမာ – တမာခေါက်၊ အကိုင်း၊ အရွက်ပြုတ်ရည်ဖြင့် အနာအား ဆေးပါ။ အရွက်ခြောက်ပြာချ၍ အုန်းဆီဖြင့် လိမ်းပါ။
၁၀။ ဝဲရောဂါ
- ဆိတ်ဖလူး – အရွက်ပြုတ်ရည်။ သတ္တုရည်ဖြင့် အရေပြားယားယံနာများကို လိမ်းပါ။
- ရွက်ကျပင်ပေါက် – အရွက်သတ္တုရည်။ အရွက်ကို ပြာချ၍ သံပုရာရည်။ အုန်းဆီဖြင့် တစ်နေ့ (၃) ကြိမ်လိမ်းပါ။
၁၁။ သွားနှင့် ခံတွင်းရောဂါ
- လေးညှင်းပွင့် – တစ်ပွင့်၏ လေးပုံတစ်ပုံ (အပွင့်မှုန့်) ကို သွားနာတွင် သိပ်ပေးပါ။ (သို့မဟုတ်) လေးညှင်းဆီတစ်စက်မှ နှစ်စက်ကို သွားနာတွင် ထည့်ပေးပါ။
- ဒန္တသုခပင် – ပဉ္စငါးပါးလက်တစ်ဆုပ်ကို ရေလက်ဖက်ရည် ပန်းကန်တစ်လုံးထည့်၍ တစ်ဝက်ကျန်အောင် ပြုတ်ပြီး တစ်နေ့ (၂) ကြိမ် (၂) မိနစ် ငုံထွေးပါ။
- တမာ – အရွက်အနည်းငယ်ကို ပြုတ်၍ ပြုတ်ရည်ကို (၂) မိနစ်ခန့် ငုံထားပြီးနောက်
- ထွေးထုတ်ပါ။ တနေ့ (၃) ကြိမ်ပြုလုပ်။
၁၂။ မျက်စိနာရောဂါ
- မန်ကျည်းပင် – အခေါက်ကို ရေစင်စွာဆေး၊ ဆားအနည်းငယ်ထည့်၍ ရေဖြင့် မပျစ်မကျဲ သွေးပြီး နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် မျက်စိပတ်လည်ကို လိမ်းပေးပါ။
- ခန်းတောက်မြစ် – ရေဖြင့် ပျစ်ပျစ်သွေး၍ မျက်စေ့ပတ်လည် လိမ်းပါ။ တစ်နေ့ (၂) ကြိမ် ပြုလုပ်နိုင်သည်။
- ကွမ်းရွက် – ကွမ်းရွက်စိမ်းကို မျက်စိပတ်လည် ကပ်ပေးနိုင်သည်။
- ရှားစောင်းလက်ပပ် – ရှားစောင်းလက်ပပ်အနှစ် အနည်းငယ်ကို မျက်စိပတ်လည်တွင် အုံခြင်း၊ လိမ်းပေးခြင်းပြုလုပ်နိုင်သည်။ နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် ပြုလုပ်ပါ။