ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ
  4. အပိုင်း (၃) အာဟာရဖွံ့ဖြိုးရေး
  5. ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် အာဟာရ

ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် အာဟာရ

ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များ အစာပို၍ စားပါ။ ထမင်းနှင့် ဟင်းတစ်နပ် ပိုစားပါ။ အစားရှောင်ရန် (လုံးဝ) မလိုပါ။

နို့တိုက်မိခင်သည် ငန်လွန်းသော အစာမှလွဲ၍ အစား(လုံးဝ)မရှောင်ရပါ။ မိခင်နို့တွင် ကလေးငယ်အတွက် လိုအပ်သောအာဟာရများ ပြည့်စုံကာ လုံလောက်သော ပမာဏရရှိစေရန် နို့တိုက်မိခင်ဘဝတွင် ကိုယ်ဝန်ဆောင်ဘဝထက် ပိုစားရပါမည်။ အစာအုပ်စု (၃)မျိုးစလုံးပါအောင် စားသောက်ရမည် ဖြစ်သည့်အပြင် ပမာဏအားဖြင့်လည်း ပိုစားရမည် ဖြစ်ပါသည်။

မွေးရာပါ ကိုယ်အင်္ဂါချို့တဲ့မှုများ (ဥပမာ- နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ) ဖြစ်ခြင်းမှ ကာကွယ်ရန် ကိုယ်ဝန်ရှိကြောင်း စတင်သိရှိချိန်မှစ၍ သံဓါတ် (၆ဝ မီလီဂရမ်)နှင့် ဖောလစ်အက်စစ် (၄၀၀ မိုက်ခရိုဂရမ်)ဆေးပြား တစ်နေ့တစ်ပြား နေ့စဉ်သောက်ပါ။

ကိုယ်ဝန် (၃)လနောက်ပိုင်းတွင် သန်ချဆေးပြား (Mebendazole 500 mg) တစ်ကြိမ် သောက်သုံးရမည်။

ကိုယ်ဝန် (၉)လမှစ၍ ကလေးမွေးဖွားပြီး(၃)လအထိ ဗီတာမင်ဘီဝမ်း ဆေးပြားကို သတ်မှတ်ထားသော ပမာဏအတိုင်း နေ့စဉ် သောက်သုံးရပါမည်။

Was this article helpful to you? Yes 17 No 2