ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များ

⌘K
  1. Home
  2. Docs
  3. ကျန်းမာရေးဆိုင်ရာ စံပြု အ...
  4. အပိုင်း (၈) မကူးစက်နိုင်သော ရောဂါများ

အပိုင်း (၈) မကူးစက်နိုင်သော ရောဂါများ

လူတစ်ဦးမှတစ်ဦးသို့ ရောဂါကူးစက်ခြင်းကြောင့်မဟုတ်ဘဲ ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများ စားသောက်ခြင်းနှင့် ကျန်းမာရေးနှင့် မညီညွတ်သော လူမှုဘဝနေထိုင်မှုပုံစံများတွင် ကြာရှည်စွာ စားသောက်နေထိုင် ထိတွေ့နေရခြင်းကြောင့် ဖြစ်ပေါ်လာသော ရောဂါအစုအဝေးကို ခေါ်ပါသည်။

မကူးစက်နိုင်သောရောဂါများတွင် အောက်ပါရောဂါနှင့် ကျန်းမာရေးပြဿနာများ ပါဝင်ပါသည်။

  • (၁) သွေးတိုးရောဂါ
  • (၂) ဆီးချိုသွေးချိုရောဂါ
  • (၃) နှလုံးသွေးကြောကျဉ်းရောဂါ
  • (၄) လေဖြတ်ခြင်း
  • (၅) ကင်ဆာရောဂါ
  • (၆) နာတာရှည်အဆုတ်ပွရောဂါ၊ လေပြွန်ကျဉ်းနှင့် ပန်းနာရင်ကြပ်ရောဂါ
  • (၇) စိတ်ကျန်းမာရေးပြဿနာ
  • (၈) အတက်ရောဂါ
  • (၉) နားလေးရောဂါ
  • (၁၀) မတော်တဆဖြစ်ခြင်းနှင့် ထိခိုက်မှုအန္တရာယ်
  • (၁၁) ဆေးလိပ်ဆေးရွက်ကြီးအန္တရာယ်
  • (၁၂) အရက်စွဲအန္တရာယ်
  • (၁၃) မူးယစ်ဆေးဝါးအန္တရာယ်
  • (၁၄) မြွေကိုက်အန္တရာယ်တို့ ပါဝင်ပါသည်။

မြန်မာနိုင်ငံတွင် သေဆုံးသူ (၁၀၀)လျှင် (၅၉)ဦးသည် မကူးစက်နိုင်သောရောဂါများကြောင့် သေဆုံးနေကြောင်း တွေ့ရှိရသည်။

မြန်မာနိုင်ငံတွင် အဖြစ်များသော နာတာရှည်ရောဂါ (၄) မျိုးရှိပါသည်။

  • (၁) နှလုံးသွေးကြောရောဂါ
  • (၂) ဆီးချိုသွေးချိုရောဂါ
  • (၃) ကင်ဆာရောဂါ
  • (၄) နာတာရှည်အဆုတ်ရောဂါ

Articles

Tags , , , , , , , , , , , , , , , , ,