ရည်ရွယ်ချက်
- ကျန်းမာရေးနှင့်ညီညွတ်သော ကျောင်းမုန့်ဈေးတန်းများ ပေါ်ပေါက်လာစေရန်
- စာသင်ကျောင်းမုန့်ဈေးတန်း ဈေးသည်များတွင် ကျန်းမာရေးနှင့်ပတ်သက်သော အသိပညာများ တိုးပွားလာစေရန်
- နောင်လာမည့် မျိုးဆက်သစ်များ ကျန်းမာရေးထိခိုက်မှု အန္တရာယ်မှ ကင်းဝေးပြီး သက်တမ်းစေ့ အသက်ရှည်စွာ နေထိုင်နိုင်စေရန်
အစားအသောက် ပြင်ဆင်ချက်ပြုတ်ရာတွင် လိုက်နာရမည့် အလေ့အကျင့်ကောင်းများ
- တကိုယ်ရည်သန့်ရှင်းမှုကို အထူးဂရုပြုဆောင်ရွက်ခြင်း (ဥပမာ- လက်သည်း၊ ခြေသည်းပုံမှန်ညှပ်ခြင်း၊ နေ့စဉ်ပုံမှန်ရေချိုးခြင်း) သန့်ရှင်းသပ်ရပ်သော အဝတ်အစားများ ဝတ်ဆင်ခြင်း (ဥပမာ-ရင်ကာ၊ ခေါင်းဆောင်း၊ လက်အိတ်)
- အစားအစာကို မကိုင်တွယ်မီ ခန္ဓာကိုယ်တွင် ထိခိုက်ရှနာဒဏ်ရာ ရရှိထားခြင်း၊ ဖျားနာခြင်းများဖြစ်ပါက အစားအသောက် ပြင်ဆင် ချက်ပြုတ်ခြင်း မပြုလုပ်သင့်ပါ။
- အစားအသောက်များ ပြင်ဆင်ချက်ပြုတ်နေစဉ်အတွင်း နှာချေခြင်း၊ ချောင်းဆိုးခြင်းများကို သတိပြုရှောင်ကြဉ်ခြင်း လက်ကိုဆပ်ပြာဖြင့် သေချာစွာ ဆေးကြောခြင်း
ဘယ်အချိန်တွေမှာ လက်ကိုဆပ်ပြာဖြင့် ဆေးကြောမလဲ
- အစာမစားခင် လက်ဆေးရန်
- အစားအစာမကိုင်တွယ်မီနှင့် ကိုင်တွယ်ပြီးတိုင်း လက်ဆေးရန်
- အိမ်သာတက်ပြီးတိုင်း၊ အမှိုက်၊ အညစ်အကြေးများ ကိုင်တွယ်ပြီးတိုင်း လက်ဆေးရန်
- ကြက်၊ ငှက်၊ တိရစ္ဆာန်များ၊ အသား၊ ငါး၊ ဥများ ကိုင်တွယ်ပြီးတိုင်း လက်ဆေးရန် အစားအသောက် မဟုတ်သော အရာဝတ္ထုများ ကိုင်တွယ်ပြီးတိုင်း၊ နှာချေပြီးတိုင်း လက်ဆေးရန်
ကျန်းမာဖို့ရာ၊ လက်ဆေးပါ။
လက်ဆေးနည်းကဗျာ
ဖဝါး၊ ဖမိုး လက်ခေါက်ချိုး၊ လက်ကြား၊
လက်မ မချန်ရ၊ ကုတ်၍ဖြစ်ပါ၊ လက္ခဏာ၊
လက်ကောက်ဝတ်မှာ အဆုံးသတ်ပါ။
အစားအသောက် ဝယ်ယူရောင်းချရာတွင် လိုက်နာရမည့်အချက်များ ။
- အသင့်ထုပ်ပိုးပြီး အစားအသောက်များ စိစစ်ဝယ်ယူခြင်း၊ အသင့်ထုပ်ပိုးပြီးအစားအသောက်များ ဝယ်ယူရာတွင် အမှတ်တံဆိပ်၊ အစားအသောက် အမျိုးအစား၊ ထုပ်ပိုးအရွယ်အစား အလေးချိန်၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ရက်စွဲ၊ ထုတ်လုပ်ရောင်းချသူအမည်နှင့် လိပ်စာ၊ ပါဝင်ပစ္စည်း ဖော်ပြချက်များ စိစစ်ဝယ်ယူရန်
- အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာ မပါရှိသော အစားအသောက်များအား ဝယ်ယူရောင်းချခြင်း မပြုရန်
- သက်တမ်းကုန်ရက်စွဲ နီးကပ်နေသော အစားအသောက်များကို ဝယ်ယူရောင်းချခြင်း မပြုရန်
- ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးရန်မသင့်သော အစားအသောက်များကို ဖတ်ရှုမှတ်သားရန်
- အရောင်တောက်သော အစားအသောက်များ၊ ဆိုးဆေးပါသည်ဟုထင်ရသော အစားအသောက်များအား ဝယ်ယူရောင်းချခြင်း မပြုရန်
အစားအသောက် သိုလှောင်သိမ်းဆည်းခြင်းနှင့် အစားအသောက် သန့်ရှင်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း
- ပြင်ဆင်ချက်ပြုတ်ပြီးသော အစားအသောက်များကို အပူချိန် ၅°C အောက် (သို့မဟုတ်) ၆၀°C အထက်ထားရှိရန်
- အန္တရာယ်ဖြစ်စေသော အပူချိန်ကို သတိပြုပါ။
- အိုးခွက်၊ ပန်းကန်၊ ဇွန်းများကိုဆေးကြောပြီး စနစ်တကျ စင်ဖြင့်မှောက်ထားရန်
- အဖုံးပါသောအမှိုက်ပုံး လုံလောက်စွာထားရှိရန်
- သားစိမ်း၊ ငါးစိမ်းနှင့် အသင့်ချက်ပြုတ်ပြီးဟင်းများကို သီးခြားစီခွဲထားပါ။
“အစားအစာသန့်ရှင်း ရောဂါကင်း”