-
ဆေးလိပ်သောက်ခြင်းကြောင့်
နာတာရှည် ချောင်းဆိုးရောဂါများအပြင်
ကင်ဆာရောဂါများ၊
နှလုံးသွေးကြောကျဉ်းရောဂါ၊
သွေးတိုး ရောဂါများ၊
လေဖြတ်ခြင်းနှင့် အရိုးပွရောဂါများ
ပိုမိုဖြစ်ပွားနိုင်ပါသည်။
-
ထို့ကြောင့်ဆေးလိပ်သောက်သော
အဘိုးအဘွားများအနေဖြင့်
ဆေးလိပ်ဖြတ်ရန် လိုအပ်ပါသည်။
ဆေးလိပ်ဖြတ်သည့်နည်းလမ်းများ
-
မီးခြစ်၊
ဆေးလိပ်ခွက်၊ ဆေးလိပ်စသည်တို့ကို
မြင်သာသည့် နေရာ၌ မထားရပါ။
-
အဘိုးအဘွားများရှေ့တွင်
ဆေးလိပ်သောက်ခြင်းမှ
ရှောင်ကြဉ်ပါ။
-
အဘိုးအဘွားများ
ဆေးလိပ်ဖြတ်ခြင်းကို မိသားစုမှ
ဝိုင်းဝန်းအားပေးဖို့လိုပါသည်။
-
ဆေးလိပ်သောက်ချင်စိတ်ပေါ်လာပါက
စိတ်ပြေလက်ပျောက် တစ်ခုခု
ထလုပ်ပါ။ အာရုံကို ပြောင်းပစ်လိုက်ပါ။
-
ကိုယ်လက်လေ့ကျင့်ခန်း
ပိုမိုလုပ်ရန်လိုပါသည်။
Was this article helpful to you?
Yes
3
No